Unicode
သူဒီမြေကိုခြေမချခဲ့တာ တစ်နှစ်ကျော်ကြာခဲ့ပြီ ခုလိုရောက်လာတော့ China ရဲ့ လေကိုတစ်ဝရှုပစ်လိုက်တယ် လေဆိပ်မှာလူတွေများပေမယ့်လဲ အထုပ်တွေတွန်းလှဲနဲ့ဆွဲလာခဲ့ပြီး သူတို့ကိုစောင့်နေတဲ့ သူရှိတဲ့ဆီ လိုက်ရှာလိုက်တယ်မတွေ့
"ကိုကို့လ် Honey ကိုစောင့်ပါဆို wait for me koko"
ဒီကောင်မလေး မပီကလာပီကလာနဲ့ ကိုကိုဆိုတဲ့ဟာကို English လိုလို ဘာလိုလိုရောနေတော့ ချစ်ဖို့ကောင်းနေရော ၊သူ့လက်မောင်းကိုဆွဲကာ မလွတ်တော့
"Honey ကိုကိုဘယ်မှမသွားပါဘူး ရှေ့ကြည့်နောက်ကြည့်နဲ့ပါ ခဗျားလေးပါသွားလို့မရပါဘူးနော် ဒီကောင် ရင်ပူလို့"
"ဟီး love u စတာ
ဘယ်မှာလဲ လေးချန်တို့က ကြာလိုက်တာ မရောက်သေးဘူးလား ""ဟော ဟိုမှာ ကျန်းချန် ကျန်းချန်"
"ရှောင်းကျန့် "
ရှောင်းကျန့်တို့ကိုမြင်တော့လက်ပြလိုက်မိတယ် ဘေးမှာလဲ ငတိမလေး online ပေါ်မှာထက်အပြင်မှာ ပိုချစ်စရာေကာင်းသားပဲ ဝတ်ထားတာလဲ ကလေးသာသာ အင်းပေါ့လေ အသက်ကလဲငယ်သေးတာကိုး သူ့ထက်ဆိုရင် ၈ နှစ်လောက်ငယ်မယ်
ဟိုကောင်ရှောင်းကျန့်ကလဲ တကယ့် အသက် ၂၄ ၂၅ အရွယ်လောက်နဲ့ ခုလိုတက်ကြွသွက်လက်နေတာပဲ သူဝမ်းသာနေပါပြီ အဝေးကကြည့်တော့ လိုက်ဖက်လွန်းတဲ့စုံတွဲလေးလို ဘေးလူတချို့ကလဲ နိုင်ငံခြားသူလေးနဲ့ ရှောင်ကောကောနဲ့လိုက်ဖက်လွန်းလို့ငေးသွားကြတာချည်း
"ဟေ့ကောင် ကြည့်ကျက်ငမ်း ငါတစ်ယောက်လုံးအနားရောက်နေပြီ "
ပြောပြီး ဖက်ထားလိုက်မိသည်။မတွေ့တာလဲကြာပြီကိုး"ဘာကိုငမ်းရမှာလဲ မင်းကိုလိုက်ကြည့်နေတာ ပိုပိန်သွားတယ်နော် မင်းကိုဟိုမှာ ပါးတို့ကအလုပ်တွေခိုင်းလို့လား "
နှစ်ယောက်သားပခုံးချင်းဖက်ကာ အလွမ်းသယ်နေပြီး ဘေးကငတိမလေးကိုမေ့သွားမိတယ်
"ဒီမှာလူတစ်ယောက်လုံးရှိပါသေးတယ်နော် နှစ်ယောက်သားအလွမ်းသယ်နေကြတယ်ဖက်လို့ကိုမပြီးတော့ဘူး ရိုးကောရိုးကြရဲ့လား"
"အာ sorry honey လေး ကျန်းချန် ဒါ ချင်းချင် သိတယ်မလား ဟဲ "
YOU ARE READING
Love Hurts [COMPLETED]
Fanfictionချစ်ပေမယ့်လည်း နာကျင်ရတဲ့ အတိတ်ကအရာတွေကြောင့် ခဗျားကိုမုန်းတယ်💔