."ဟာ ရှောင်းကျန့် သတိရပြီလား တော်သေးတယ်ကွာ မသေကောင်းမပျောက်ကောင်း ငါအလာစောသွားလို့ တော်ပါသေးရဲ့ ဘယ်လိုနေလဲ သက်သာလား အသက်ရှုရတာကောင်းလား ဘာတွေနာနေသေးလဲ "
"နာ နေ တယ် ရင်ဘတ်ထဲက"
"ဟင် ဟုတ်လား ဘယ်နေရာလဲ ပြော ဆရာဝန်လှမ်းခေါ်လိုက်မယ်"
" နှလုံးသားထဲက နာနေတာ "
"ဟေ့ကောင် လာနောက်နေသေးတယ် ငါ့မှာတော့ စိတ်ပူလိုက်ရတာ မင်းသတိမေ့နေတာနှစ်ရက်ရှိပြီ မနက်ဖြန်ထိသာသတိမရရင် ဆေးရုံတင်တော့မလို့ ဟူး "
"ဟား မင်းကနားပူအောင်မေးနေတာကိုး ငါ့ကိုစိတ်ပူမဲ့သူမင်းတစ်ေယာက်တော့ရှိသား ဟင့် သေသွားလဲကောင်းသား မင်းကဘာလို့လာကယ်နေရတာလဲ "
"ဟေ့ကောင် ပြောရင်းနဲ့မျက်ရည်ဝဲလာပြီ ယောက်ျားမဟုတ်တဲ့အတိုင်း မင်းတစ်ယောက်တည်းဘယ်လောက်ထိရုန်းကန်ကြိုးစားနေခဲ့ရလဲ သူ့ကြောင့်မင်းဘဝကို ခုတော့အရှုံးပေးလိုက်တော့မှာလား သူနဲ့မင်းဇာတ်လမ်းလဲပြီးပြီ မင်းဘ၀ကိုအသစ်ပြန်စလိုက်ပါတော့ သူ့ကိုမေ့ပြီး"
"ငါ ဘယ်လိုမေ့လို့ရမှာလဲ သူ့ကိုအရမ်းချစ်ခဲ့တာ ငါ့အချစ်က လွယ်လွယ်ချစ်လွယ်လွယ်မုန်းလို့မရဘူး သူနဲ့ကျမှအချစ်ကဘာလဲသိခဲ့တာ မင်းငါ့ကိုကဲရဲ့လဲရတယ် ငါ့မှာယုံကြည်ရတဲ့သူဆိုလို့မင်းပဲရှိတော့တာ စိတ်ချ သူ့ရှေ့မရောက်မိအောင်နေမယ် ငါ့ကိုမမြင်ရတော့သူစိတ်ချမ်းသာမှာပေါ့ သူချစ်တဲ့ကောင်မလေးနဲ့ ပျော်ရွင်ပါစေကွာလို့ပဲဆုတောင်းပေးပါတော့မယ် ပြီးတော့ ငါလူေတွကိုအရမ်းကြောက်သွားခဲ့ပြီ ငါ့ကိုချစ်ပါတယ်ဆိုတဲ့ လူတွေကလဲ ငါ့ကိုနောက်ကျောဓါးထိုးကြတယ် "
"ကဲ့ တော်ပြီ ငါမင်းစားဖို့တခုခု သွားလုပ်ပေးမယ်"
သူခံစားနေရတာတွေမကြည့်ရက်လို့စကားပြတ်အောင် စားဖို့နစ်ခုခုလုပ်ရန်ထဖို့အပြင်"ကျန်းချန် နေအုံး"
"နေမကောင်းတဲ့လူကစကားတွေအရမ်းပြောနေပါလား နောက်မှပြောရအောင် အဲကောင်ကိစ္စတွေဆိုရင် နှစ်ရက်သာသတိမရတာ သတိရတာနဲ့ငေါက်ခနဲဘဲ ပြောလိုက်တဲ့စကားကလဲ နားတောင်ညီးတယ် ဒီမှာတော့စိတ်ပူလို့သေတော့မယ်"
YOU ARE READING
Love Hurts [COMPLETED]
Fanfictionချစ်ပေမယ့်လည်း နာကျင်ရတဲ့ အတိတ်ကအရာတွေကြောင့် ခဗျားကိုမုန်းတယ်💔