Part 40

1.4K 85 0
                                    

" မင်းကငါ့အနားကပ်ခဲ့တာ မင်းရဲ့ ကျဲအတွက်လက်စားချေဖို့လား ဒါဆိုငါ့ကိုတကယ်ချစ်ခဲ့တာ မဟုတ်ဘူးပေါ့ !"

"အချစ်တွေအနှစ်တွေလာမပြောနဲ့ ခင်ဗျားကခုအလုပ်ထွက်တာကျနော့်ကြောင့်ဆိုပြီး ထွက်တော့ အပြစ်လုပ်သူကငါပေါ့ ဟားးး ထွက်ရဲ့ထွက်ကြည့် ဒီထက်သေ‌ေလာက်တဲ့ဒဏ်ရာတွေခံစေရမယ် အရင်ကခံရတာတွေထက်နှစ်ဆပြန်ခံရမယ် အေးဆေးပြန်နေလိုက်"

"ခဏလေး ..မင်းကြောင့်နဲ့ထွက်တာမှမဟုတ်တာ မင်းနဲ့ငါ့အကြောင်းကိုလဲဘယ်သူ့မှသိခဲ့တာမှမဟုတ်တာ မင်းခုလိုဆွဲခေါ်လာမှသာလူတွေဘယ်လိုထင်ကုန်ပြီလဲ  မင်း ဘာလိုချင်တာလဲ ? ဘာဖြစ်ချင်တာလဲ အရင်ကကိစ္စ‌ေတွကဘာလဲ ....မင်းကငါ့အကြောင်းအကုန်သိနေတာလား ဒါဆို  ဟင်"

အရင်ကကိစ္စတွေက ကျန်းချန်နဲ့ သူနဲ့အထင်လွဲခဲ့တဲ့ သူ့ချစ်သူရယ် ဟိုမိန်းကလေးရယ် ဒီအနေထားလောက်ပဲသိခဲ့တာ ပြီးတော့ ပါးနဲ့မားကဘယ်လိုသိသွားခဲ့ရတာလဲဆိုတာ သူစဉ်းစားခဲ့ပေမယ် အဖြေမထွက်ခဲ့တာ ဒါ  ဒါဆို သူလုပ်ခဲ့တာပေါ့ ....

"ဒီမှာ လူတွေထင်တာမထင်တာစိတ်မဝင်စားဘူး ကျုပ်ကြောင့် ကျုပ်ရှိနေလို့ခင်ဗျားထွက်တယ်ဆိုတာ ကျုပ်သိတယ် ထွက်လို့မရဘူး ဒီလောက်နဲ့ ခင်ဗျားကိုထွက်သွားခွင့်မပေးနိုင်ဘူး "

"ငါ ခုမှသိတော့တယ် ငါ့ရဲ့အရာအားလုံးဖြစ်ပျက်သမျှမင်းလုပ်ခဲ့တာမလား ဟင် ရိပေါ်"

ရိပေါ်ရဲ့ ပခုံးနှစ်ဖက်အားဆွဲဆောင့်ပြီး မေးတော့ လက်တွေကိုဖြေချကာ ထိုင်ခုံပေါ်ဆောင့်ချလိုက်တယ် ပြီးမှအပေါ်မှ အုပ်ကာ

"သိပ်ကြားချင်နေတယ်မလား ဟုတ်တယ် ကျုပ်လုပ်တာ ခင်ဗျားအဖေနဲ့အမေဆီကိုသတင်းပို့တာလဲ ကျုပ်ပဲ "

"ဒါဆို ငါ့ကောင်မလေးနဲ့ပြတ်အောင်လုပ်ခဲ့တာ ဟိုတယ်မှာငါနဲ့ ..."

"ဟုတ်တယ် "

သူအံ့ဩမှုများစွာနဲ့ ဟုတ်တယ် ဆိုတဲ့စကားနောက်မှာ မိုးကြိုးပစ်ခံလိုက်ရသလို ဆောက်တည်ရာမရ သူဘာမှမကြားချင်တော့ လှည့်အထွက်တံခါးနားမရောက်ခင် တံခါးကပွင့်လာခဲ့ပြီး

Love Hurts [COMPLETED]Where stories live. Discover now