Unicode
ရိပေါ် လေးလဲ korea ကျောင်းသွားတက်ပြီ ၊ ဝမ်အိမ်တော်လေးကတော့ ခြောက်ကပ်မှုတွေနဲ့ ၊ရိပေါ် korea ရောက်ပြီးကတည်းက အနည်းဆုံး တစ်ပတ် နှစ်ခါသုံးခါလောက် video call ကျ အလွမ်းသယ်ကျနဲ့ ဝမ်ချင်က ခုတလောဝမ်ချောင်နဲ့တွဲဖြစ်နေတယ် အဖြေလဲမပေးဖြစ်ပဲ သမီးရီးစားလိုပဲတွေးဖြစ်ခဲ့ကြတယ်၊ဘာလို့ဆိုအကိုက (အကိုဆိုတာ ရှောင်းကျန့်ကိုပြောတာ) သူ့ကိုဂရုမစိုက်ဘူး သူ့ဘက်ကဘယ်လောက်ချစ်ပြ အရေးကိုမလုပ် ၊အလုပ်သဘောအရပဲစကားပြောတယ် အာ့ကြောင့်ဝမ်ချောင်နဲ့တွဲပြခဲ့တာ ၊ခုတလောဝမ်ချောင်က အခွင့်ရေးတွေပိုလိုချင်လာတယ်၊အာ့ကြောင့် ထမင်းစားချိန်ချိန်းလိုက်တယ် ၊ဝမ်ချောင်ကိုမှမချစ်တာ သေချာရှင်းလင်းတော့မယ်။တွေးရင်း သူနဲ့ချိန်းထားတဲ့နေရာရောက်ပြီး အော်ဟော ဟိုမှာရောက်နေပါပြီ။လက်လှမ်းပြတာမြင်ရင်း သူ့ရှေ့တစ်လှမ်းချင်းလျှောက်သွားလိုက်မိသည်။
"ဟိုင်း သဲလေး"
"ဟိုင်း ဝမ်ချောင်"
"သဲကလဲတစ်စိမ်းဆန်လိုက်တာ ကိုယ့်မှာသဲကတစ်ကူးတစ်ကထမင်းစားချိန်းတော့အပျော်တွေလွန်ပြီး စောရောက်နေတာ အရင်လိုမောင်လို့ တောင်မခေါ်တော့ဘူး ပြီးမှအပြစ်ပေးရမယ်"
"အပိုတွေပြောမနေနဲ့တော့ ဝမ်ချောင်"
ဝမ်ချောင်နဲ့ သူကရွယ်တူတွေ ညဘက်တွေ club တွေတက်ရင်းရင်းနှီးနေခဲ့တာ နောင်တတွေရနေတယ် သူတကယ်ချစ်ခဲ့တာမှ မဟုတ်တာ သူ့ကိုမျှော်လင့်ချက်တွေပေးသလိုဖြစ်နေခဲ့တာ ဒီနေ့တောင်းပန်ပြီး ဖြတ်တော့မယ် သူ့ရင်ထဲအချိန်တွေအကြာကြီးရှိနေခဲ့တဲ့ အကို့ကိုလဲ ရင်ထဲကနေထုတ်တော့မယ် သူ့ရင်တွေနာကျင်ရလွန်းလို့၊ဝမ်ချောင်ကနည်းနည်းတဇွတ်ထိုး မိဘတွေကချမ်းသာတော့ ထင်တိုင်းကြဲနေတာ ဒါမဲ့ဝမ်ချောင်ကိုတော့အတော်လေးချစ်ပြီး မျက်နှာတစ်ချက်အညိုးမခံ ၊သူအကို့ကို့ချစ်နေခဲ့တာလဲ ဝမ်ချောင်သိသည်။
"ငါ နင်နဲ့ထမင်းအတူတူထိုင်စားချင်လို့ ချိန်းတာမဟုတ်ဘူး "
"ဟင် ဒါဆိုဘာလို့လဲ"
" ငါတောင်းပန်တယ် ဝမ်ချောင် နင်နဲ့ငါနောက်မပက်သက်ပဲနေရအောင် ငါ့ကိုမေ့လိုက်တော့ "
"ဘာ "
"ဟုတ်တယ် ငါနင့်ကိုမချစ်တာ နင်သိသားပဲ၊ငါလဲနင့်ကိုချစ်ဖို့ကြိုးစားပါသေးတယ် ဒါမဲ့"
"မင်းတော်လိုက်တော့ မင်းအကောင်အကြောင်းငါမကြားချင်ဘူး မင်းငါ့ကိုအာ့လိုလုပ်လို့မရဘူး ငါဘယ်လောက်ချစ်ခဲ့လဲ မင်းကိုဘယ်လောက်စောင့်ခဲ့လဲ အချိန်တန်တော့မင်းစွန့်ပစ်တာခံရဖို့လား"
ဘေးကလူတွေကြည့်လာတော့ ဝမ်ချင်နည်းနည်းရှက်သွားသည်။
"နင်အော်ကြီးဟစ်ကျယ်ပြောမနေနဲ့"
"မင်းကဒီလိုနေရာချိန်းမှတော့ ....ပြီးတော့ ငါ့ကိုမင်းစွန့်ပစ်ချင်တိုင်းစွန့်ပစ်လို့မရဘူး၊မင်းဟိုကောင့်ဆီ သွားမှာမို့ လား"
"နင့်ဟာနင်ထင်ချင်သလိုနင် ဒါမဲ့ သူနဲ့ငါလဲဘာမှမပက်သက်ဘူး ဒီလောက်ပဲ"ပြောပြီးထွက်လာလိုက်တော့ ဝမ်ချောင်နောက်ကပါလာမှန်းသိလိုက်သည်။ကားပါကင်လဲရောက်ရော လက်ကိုဆွဲတာခံလိုက်ရတယ်
"ကို တောင်းပန်ပါတယ်သဲရာ ကိုယ်ဘာမှားလို့လဲပြုပြင်ပါ့မယ် မင်းကိုအဆုံးရှုံးမခံနိုင်ဘူး မင်းမချစ်လဲ ငါ့ဘက်ကကြိုးစားပြီး မင်းချစ်လာအောင်လုပ်မယ် နော်နော်"
မျက်နှာငယ်လေးနဲ့ ပြောနေတဲ့ဝမ်ချောင်ကို လက်ကိုဆွဲဖြုတ်ပြီး ကားပေါ်တက်မောင်းထွက်လိုက်တော့သည်။ ဟူးး ကိစ္စတစ်ခုတော့ပြီးပြီ။ company ရုံးထဲဝင်ခါနီး ရှေ့ကစုံတွဲကိုမြင်လိုက်တော့ စိတ်ကပိုရှုပ်ထွေးသွားတော့တယ်။ အကိုနဲ့ကောင်မလေးတစ်ယောက် အကိုကလက်ပြနှုတ်ဆက်ရင်းအထဲဝင်သွားတော့ ကောင်မလေးကလဲ ပြန်လှည့်ထွက်သွားတယ် ၊မေ့မလို့ ကြိုးစားနေတုန်းဒီပုံရိပ်တွေမြင်ပြီးမွန်းကျပ်လာတယ်၊ကောင်မလေးက ကံကောင်းလိုက်တာ(ထင်လို့ပါ ဟိုကရေခဲတုန်း😁)
Xiao zhan တစ်ယောက်ချစ်သူနဲ့တွေ့ပြီးရုံးထဲဝင်လာတော့ မဆီမဆိုင် ဟိုကောင်လေးတောင်သတိရသွားတယ် ခဏကအုပ်စုလိုက် ကောင်လေးတွေဟီးဟီးဟားဟားနဲ့ သွားနေကြတော့ ဘောလုံးကွင်းမှာတွေ့တဲ့ကောင်လေးများ ပါမလားပေါ့၊ အင်း သူအဲနောက်ပိုင်းဘောကွင်းကိုခဏခဏရောက်တယ် မတွေ့တော့တာ ကြာပြီပဲ။
"အကို"
"အော် CEO မင်္ဂလာပါ"
"ကောင်မလေးနဲ့ ထမင်းသွားစားတာလား "
"အော် ဟုတ်ကဲ့"
"ကျွန်မရုံခန်းထဲခဏလာခဲ့ပါဦး"
"ဟုတ်ကဲ့" ceo ဝမ်ချင်ကတဇွတ်ထိုး သူ့ကိုဘာများလုပ်ခိုင်းမလဲ မသိဘူး သူဘယ်လိုမှရှောင်လို့မရ ပေါ်တင်သူ့ဆီလာတယ် ၊တချို့တွေဆိုရိပ်မိနေလို့စနေကြတယ်၊ချစ်ကြောင်းပြောတယ် ၊သူ့အတွက်ဆို ပြီးဟိုဒီဝယ်လာပေးတယ် ဘယ်လိုငြင်းငြင်းမရ၊သူ့ကအာ့လိုတွေမကြိုက်၊ဒီကြားထဲသူ့ဘဲဆိုတဲ့ကောင်လေးက တစ်ခါတလေ သူ့ကိုပြသာနာရှာသေးတာ ခုရက်ပိုင်းတွေေတာ့ငြိမ်နေတယ်။
"ဒေါက် ဒေါက် ကျွန်တော်ရောက်ပါပြီ"
"အကို ဘာလို့ ဝမ်ချင်ကိုမချစ်ရတာလဲ ဟိုကောင်မလေးက ဝမ်ချင်ထက်ဘာများသာနေလို့လဲ ပိုက်ဆံချမ်းသာလား ရုပ်ချောလား ပြော ဘာဖြစ်ချင်လဲဘာလုပ်ချင်လဲ ဝမ်ချင်လုပ်ပေးနိုင်တယ်"
ရှောင်ကျန့် ဒေါသထွက်သွားတယ် သူ့ကိုဘာကောင်များထင်နေတာလဲ ဝင်လာချင်းတစ်ရစပ်တွေပြောနေတာထိုင်တောင်မထိုင်ရသေး သူ့ကိုဖက်လာပြီးရှောင်ကျန် လက်တွေခါထုတ်လိုက်တယ်
"တော်တော့ဝမ်ချင် မင်းပြောတာတွေလွန်လာပြီနော် ငါချစ်တဲ့သူမို့ငါချစ်တာ မင်းကိုမှမချစ်တာ ငါလက်မခံနိုင်ဘူး ပြီးတော့ ငါကတစ်ယောက်ဆိုတစ်ယောက်ပဲ မင်းထင်နေသလိုငါပိုက်ဆံမမက်ဘူး ငါသွားပြီ မင်းဒီထက်ဆိုးလာရင် ငါအလုပ်ထွက်ရလိမ့်မယ်"
သူပြောပြီးထွက်ခါနီး ဝမ်ချင်ကိုကြည့်လိုက်တော့ ရင်ဘတ်ကိုဖိပြီးရှုံမဲ့နေရင်း အရုပ်ကြိုးပြတ်လဲကျသွားတော့တယ်
"ဟာ ဝမ်ချင်ဝမ်ချင် တစ်ယောက်ယောက်အရေးပေါ်ကားခေါ်ပေးပါဦး"
အကုန်လုံးတရုန်းရုန်းနဲ့ ရှီးချန် ရောက်လာပြီးဆေးရုံကိုခေါ်သွားလိုက်ကြတော့တယ်။
YOU ARE READING
Love Hurts [COMPLETED]
Fanfictionချစ်ပေမယ့်လည်း နာကျင်ရတဲ့ အတိတ်ကအရာတွေကြောင့် ခဗျားကိုမုန်းတယ်💔