"ဟိုင်း စစ်ကျွေး လာလာ မနက်စာဘာစားပြီးပြီလဲ "
"ဘာမှမစားရသေးဘူးနော် မင်းကစောစီးလာပြောလို့ မင်းအိမ်မှာပဲအဝကြိတ်မှာ ရိပေါ်ကော ရောက်ပြီလား"
"အဆိုတော်ကြီးက မရောက်သေးပါဘူး လာနေပြီတဲ့ "
"အာ့ဆိုသူ့ကိုစောင့်မယ်လေ လာမှတူတူစားတော့မယ် သူလဲဘာမှစားလာမှာမဟုတ်ဘူး ဟားး"
စစ်ကျွေးတစ်ယောက် ကားပေါ်ကဆင်း
ပြီး ကျင်းလင်းနဲ့အတူဧည့်ခန်းမှာ ရိပေါ်အလာ ထိုင်စောင့်နေရင်း ဟီးဟီးဟားဟားပြောနေကြသည်။"ကျင်းလင် မနက်စာ စားကြတော့မလား သူငယ်ချင်းတွေစုံပြီလား "
"မစုံသေးဘူးကော ရတယ် လူစုံမှပဲ"
" အင်း အာ့ဆိုဟိုမှာလှုဖို့ပစ္စည်းတွေ ကားပေါ်တင်ပေးထားဦးကောရေသွားချိုးမလို့ လူစုံရင် ထမင်းစားဆောင်ဆီလာခဲ့ကြတော့ နော်"
"ဟုတ် ကော"
အပြင်ထွက်ရင်း ခြံထဲက ပေါင်မုန့်ကားထဲ ပစ္စည်းတွေ တင်ရင်း စစ်ကျွေးက"ကျင်းလင် ခဏကချောချောနဲ့တစ်ယောက်ကဘယ်သူလဲ "
"ဟျောင့် ဘာချောချောလဲ ငါ့လေးလေးသူငယ်ချင်းနော် ဘူးမနေနဲ့ "
"မင်းကလဲ ကောကချစ်စရာကောင်းလို့မေးကြည့်တာ ပိန်ပိန်ရှည်ရှည်နဲ့ Modern Boy ကျနေတာပဲ "
"ဟောဟိုမှာ လာပါပြီ အဆိုတော်ကြီး" ကောအကြောင်းပြတ်သွားပြီး ရိပေါ်နဲ့ယွီပင်းရောက်လာတော့ လေးယောက်သားမတွေ့တာကြာပြီး ပစ္စည်းတင်ရင်း ပြောလိုက်ကြတာ ဘယ်လောက်တောင်ကြာသွားမှန်းမသိ
"ကျင်းလင်ရေ မနက်စာစားမယ် ကောတောင်ပြင်ဆင်ပြီးပြီ မင်းတို့ကခုထိ လာမစားကြသေးဘူး ကျဲနဲ့မင်းလေးလေးကပြောနေပြီ "
လေးယောက်သား တစ်ပြိုင်နက်တည်းအသံလာရာလှည့်ကြည့်လိုက်တော့
YOU ARE READING
Love Hurts [COMPLETED]
Fanfictionချစ်ပေမယ့်လည်း နာကျင်ရတဲ့ အတိတ်ကအရာတွေကြောင့် ခဗျားကိုမုန်းတယ်💔