Unicode
ရှောင်းကျန့်အလုပ်မသွားပဲတစ်ရက်နားကာ နောက်နေ့မနက်အစောကြီးထရချေပြီ။မနေ့က ကလေးတစ်ယောက် တစ်နေကုန်သူ့ဘေးကမခွာ၊ချစ်တယ် ချစ်တယ်နဲ့ပြောပြီးတစ်နေကုန်ရင်ခွင်ထဲ မှာဘယ်နှစ်ခေါက်မှန်းမသိသော ကိစ္စတွေနဲ့ သူတွေးရင်းရှက်သွားကာ ဘေးနားမှာအိပ်ပျော်နေတဲ့ကလေးကို နဖူးလေးနမ်းပြီး ထကာ ရေချိူးခန်းထဲဝင်လိုက်တော့တယ်
ရိပေါ်ကအိပ်ချင်ယောင်ဆောင်ကာ ကိုကိုနမ်းပြီးထထွက်သွားတာလဲ သူသိတယ် နောက်ဆက်တွဲအခြေနေတွေဘာဖြစ်မယ်မှန်းမသိပေမယ့် သူခုတော့ကိုကို့ ကိုချစ်တယ် ယွီအာကိုသတိရသွားတယ် ၊ဒီနေ့ကောရှီချန်ဆီ သူသွားရမယ်
"ကလေး ကိုကိုရုံးသွားတော့မယ် ညနေမှတွေ့မယ်နော် အာဘွား🥰"
သူအကုန်ပြင်ဆင်ပြီးတဲ့အထိ ကလေးကအိပ်နေတုန်း
"ကိုကို""ဟင် အိပ်ချင်ယောင်ဆောင်နေတယ်ဟုတ်လား "
"ဟီး ကိုကို လာပါဦး "
လက်ကလေးနှစ်ဖက်ရှေ့ဆန့်ကာ သူ့ကိုခေါ်နေတဲ့ ကလေးေလးဆီ ပြေးပွေ့လိုက်တယ်
"ကိုကို ဒါက ရုံးသွားမဲ့ပုံလား show လျှောက်မလို့လား ဟွန်း ကလေးဒီညလာဖြစ်မယ်မထင်ဘူး အကို့အိမ်သွားမလို့ အဲမှာညအိပ်ဖြစ်မယ်ထင်တယ် ခုရုံးလိုက်ပို့မယ် မနက်စာကောညစာကော အချိန်မှန်စားနော်"
"ဟင် ဟုတ်လား အင်းပါ ညရောက်မှဖုန်းဆက်လိုက်နော် ကိုကိုလဲ အလုပ်တွေများအုံးမှာမို့ သတိထားသွား အကိုနဲ့ပျော်ပျော်သာနေခဲ့ ဟုတ်ပြီလား"
"ကဲ့ထတော့ ကိုကိုစောင့်နေမယ်သွား မျက်နှာသစ်ရေချိူး "
ကလေးထထွက်သွားတော့ သူဖုန်းလေး ထိုင်ပြီးကြည့်နေလိုက်တယ် ကလေး show မှာကနေတဲ့ video တွေကြည့်ရင်း သူပြုံးနေမိတယ် အရမ်းတော်တယ်ကိုကို့ကလေးလေး ဒါမဲ့ သူတစ်ခါလောက်တော့ fan boy တစ်ယောက်လို စင်အောက်မှာအားပေးတာတို့ ဘေးကနေဘာလုပ်လုပ်ထိုင်ကြည့်နေချင်တယ်
"ကိုကို အာ တစ်ယောက်တည်းပြုံးလိုက်မဲ့လိုက်နဲ့ ဘာတွေကြည့်ေနတာလဲပြောပါဦး""ကလေး show တွေကြည့်နေတာ ကိုကို့ကလေးလေးတော်လို့ အာာ ကလေးကိုကိုအကျီတွေကြေကုန်မယ် ရေစိုကြီးနဲ့ စိုကုန်ပြီ"
YOU ARE READING
Love Hurts [COMPLETED]
Fanfictionချစ်ပေမယ့်လည်း နာကျင်ရတဲ့ အတိတ်ကအရာတွေကြောင့် ခဗျားကိုမုန်းတယ်💔