Unicode
စားကြသောက်ကြရင်း ယွီပင်းပြောပြတော့မှဇာတ်ရည်လည်ခဲ့ရ ၊ကိုကိုကသူ့အတွက်သူနဲ့ကောချန်ကို အကူညီတောင်းပြီး တစ်ပတ်ကြာအောင်ပြင်ဆင်ကြ လုပ်ကြနဲ့ တဲ့ အာ့ကြောင့် ကိုကိုက ခရီးသွားချင်လို့ဆိုပြီး သူ့ကိုပူဆာတာကိုး နောက်ရက်တွေလဲပျော်ကြ speed boat တွေနဲ့လျှောက်သွား ရေဆော့ကြတော်တော်လေးပျော်စရာကောင်းခဲ့တယ် မနက်ဖြန်ပြန်ရတော့မယ်
"ကိုကို ကျနော်တို့မနက်ဖြန်ပြန်ရတော့မယ်နော် ကမ်းစပ်မှာလမ်းလျှောက်ကြမလား"
"ကလေး ညဉ့်နက်နေပြီလေ ကလေးကသွားချင်လို့လား "
"အင်း ကိုကိုနဲ့အမှတ်တရတွေချန်ခဲ့ချင်လို့ "
"ဟင် ကလေးစကားကတစ်မျိုးပဲ"
"အာ နောက်အမြဲ သတိရနေအောင် အဲသဘော😁"
သူအမြန်ရှင်းပြလိုက်ရတယ် တစ်ခါတစ်ခါ ကျဲအကြောင်းစဉ်းစားမိရင် သူနဲ့သိပ်မရင်းနှီးချင်တော့ဘူး ဒါလဲ နောက်ဆုံးခရီးဖြစ်နေနိုင်တာပဲ
"ကိုကိုသွားမယ်လာ"
သောင်ပြင်ပေါ်ရောက်တော့ မီးရောင်ကဟိုတစ်စဒီတစ်စ လူတစ်စု တစ်စုစီ ဂီတာတီးလိုက် သီချင်းဆိုလိုက်နဲ့ သူနဲ့ကိုကိုလဲ လက်ချင်းဆွဲကာ လျှောက်ရင်း
"ကလေး"
"ဟင် ကိုကိုပြောလေ "
"စပ်စုတယ်လို့မထင်ပါနဲ့နော် ကလေးရဲ့မိသားစုအကြောင်းလေး ပြောပြလို့ရလား ကိုကိုသိချင်လို့ ဘာရယ်မဟုတ်ပါဘူး အဆိုးကော အကောင်းကော မျှဝေခံစားပေးချင်တာ အာ့ကြောင့် "
"ကိုကိုသိချင်လို့လား ကလေးက ကိုကိုနဲ့ကလေးကြားမှာ ချစ်နေရင်ပဲတခြားအရာတွေမလိုအပ်ဘူးထင်တာကြောင့် မပြောဖြစ်တာ "
"ကိုကို့အကြောင်းကော မသိချင်ဘူးလား"
"မသိချင်ဘူး ..ဟမ် ဟို သိချင်တယ်လို့ "
သူအကုန်သိပြီးသားလေ ထပ်မကြားချင်တော့ဘူး"နောက်တယ်နော် ကိုကိုကတစ်ဦးတည်းသောသား ခုတော့တစ်ယောက်တည်းပဲ ကိုကို့အကြောင်းကထွေထွေထူးထူးမရှိပါဘူး"
YOU ARE READING
Love Hurts [COMPLETED]
Fanfictionချစ်ပေမယ့်လည်း နာကျင်ရတဲ့ အတိတ်ကအရာတွေကြောင့် ခဗျားကိုမုန်းတယ်💔