Part35

1K 62 0
                                    

"သဲ ရောက်တာကြာပြီလား "

ရိပေါ် သတိလက်လွတ်ပြောနေတုန်း ယွီအာရောက်လာတာတောင် မသိလိုက်၊

"အင်းမကြာသေးပါဘူး ခဏကပြောနေတာ ရှောင်းကျန့်အပေါ် မောင်တကယ် ချစ်ပြခဲ့တဲ့ပုံပဲ ရှောင်းကျန့်လဲမောင့်ကိုတကယ်ကြွေသွားတဲ့ပုံပဲ"

"မဟုတ်ပါဘူးကွာ စနောက်နေကြတာပါ မောင်လဲထပ်ပြီး သူ့ကိုဒုက္ခတွေမပေးတော့ပါဘူး သဲနဲ့လဲစေ့စပ်တော့မှာပဲကို မောင်တို့ 5 ရက် 10 လပိုင်းမှာစေ့စပ်ကြမယ် မောင်ရွေးပြီးသွားပြီ"

သူ့အားဝမ်းသာစွာဖက်လာရင်း ယွီအာက

"မောင်တကယ်နော် အားး သဲအရမ်းဝမ်းသာတယ် "

သူ့အားပြောပြီး ဖျက်ခနဲ့နမ်းလာတော့ သူအလိုက်သင့် မျက်လုံးမှိတ်ပေးထားလိုက်တယ် ပြီးမှ နှုတ်ခမ်းနှစ်ခုထပ်တူကျကာ နမ်းတော့ သူကိုကိုနဲ့နမ်းခဲ့တဲ့အချိန်ဆီ သတိရသွားတယ် သူပြန်ခွာကာ

"သဲ မောင်တို့ ဒီနေ့လျှောက်သွားရအောင်"

"အင်းသွားမယ်လေ မောင်သဲကိုတကယ်ရောချစ်ရဲ့လား ရှောင်းကျန့်ကိုရော"

"သဲကလဲ မောင့်မှာသဲပဲရှိတာ သူ့ကိုကျန်တာကလက်စားချေဖို့အတွက်ပဲ သဲသာမောင့်ဘဝ"

တစ်နေကုန်လျှောက်လည်ကြတယ် ပါပါရာဇီတွေကိုလဲရှောင်ရင်း ပေါ့ လည်ပြီးသဲကိုကွန်ဒိုဆီလိုက်ပို့ပေးပြီး သူအိမ်ပြန်လာလိုက်တယ် ကြိုက်ခဲ့တဲ့ နှစ်နှစ်အတွင်း သဲနဲ့သူနမ်းတာဆယ်ခါတောင်မပြည့်ပါဘူး ဒါတောင်သဲဘက်ကစခဲ့တာတွေချည်း သူသဲအပေါ်ကောင်းရမယ် သဲကတစ်ဦးတည်း‌ေသာသမီး သူ့အပေါ်လဲအရမ်းချစ်သည်၊အရမ်းကောင်းသည်၊ရှောင်းကျန့်နဲ့ကိစ္စကိုတောင် သူနားလည်ပေးခဲ့တာ

ညဘက်အိပ်ခါနီးလိုင်းသုံးတော့ လိုင်းပေါ်မှာ သူနဲ့ယွီအာပုံတွေကပျံ့နှံ့နေခဲ့ပြီ ဒါဆို သူမြင်မှာပေါ့ (သူဆိုတာရှောင်းကျန့်) မြင်လဲအေးရောပေါ့ သူနဲ့ပြောစရမလိုတော့ဘူး စာတွေဝင်လာတော့ကြည့်လိုက်တာ ရှောင်းကျန့်ဆီကပဲ မတွေ့တဲ့အချိန်ကနေဒီနေ့ထိ နေ့တိုင်းမပျက်မကွက်စာပို့နေခဲ့သောသူ ၊အစောင်တစ်ရာမက သူ့ဘက်က seen ပြနေခဲ့တာ တစ်ကြောင်းမှမပြန်ဖြစ်ခဲ့

Love Hurts [COMPLETED]Where stories live. Discover now