Unicode
ကိုကို့ယ်ကို company ပို့ခဲ့ပြီးသူ ဝမ်အိမ်တော်ဆီလာခဲ့လိုက်တော့ ကောရှီးချန် ကရုံးသွားပြီတဲ့ အင်းပေါ့လေ သူမနေ့ကလာမယ်ပြောထားတာ ဒီနေ့မှလာတော့ မရှိတော့ ယွီပင်းကဒီမှာနေတော့ ယွီပင်းနဲ့ပဲ တွေ့တော့တယ်
"အမလေး ပေါ်တော်မူကြီး မနေ့ကလာမယ်ဆိုပြီး ဖုန်းခေါ်တော့လဲမကိုင်ဘူး ကောဒေါသထွက်နေလေရဲ့ "
"ဟဲ ဟဲ မေန့ကမအားလို့ပါကွာ "
"အောင်မာ မင်းအားတာမအားတာငါအသိဆုံး ငါကမင်းရဲ့မန်နေဂျာ တနေ့လုံးလဲဖုန်းခေါ်လို့မရ မနက်ဖြန် ပွဲတက်ပေးရမယ် cosmetic ပွဲ interview လဲ ရှိတယ် ငါလက်ခံလိုက်ပြီ "
"ဟာ ငါ interview တွေမဖြေချင်တာ မင်းလဲသိရက်နဲ့ ယွီပင်းမင်းနော် ဟိုကိစ္စတွေနဲ့ ငါမဖြေချင်သေးဘူး"
"မဖြေလို့မရဘူး မင်းအပြစ်နဲ့မင်းပဲ မင်းခုဘာဆက်လုပ်မှာလဲပြော"
"ဘာကိုမေးတာတုန်းအဆုံးမရှိအစမရှိ မင်းဟာက"
"မင်းရဲကောအကြောင်းပြောတာ မနေ့ကယွီအာလဲငါ့ကိုဖုန်းဆက်တယ် မင်းဖုန်းခေါ်လို့မရလို့တဲ့ "
"အော် အေ ငါခုဖုန်းသွားပြောလိုက်မယ် မကြာခင်အဆုံးသတ်မှာပါကွာ 😁"
"ဟေ့ကောင်ပြောချော်ချော်မလုပ်နဲ့ ဘဝတွေနဲ့ဆိုင်လာပြီ သွေးအေးတဲ့ကောင် မင်းနားနေရင်းငါပါ အေးခဲချင်လာပြီ ဒိုးးမျက်နှာနှစ်ဖက်နဲ့ကောင်"
ယွီပင်းတစ်ယောက်ဒေါသထွက်ပြီးသူ့အားကန်ကျောက်ကာ အခန်းထဲကျန်နေခဲ့တယ် သူသူ့အခန်းထဲဝင်ပြီးမွေ့ယာပေါ်ကိုးရိုးကားယားလှဲချလိုက်သည်။ ဟူးး လွမ်းလိုက်တာ
ဖုန်း ringtone မြည်လာပြီး ကိုင်လိုက်တော့ယွီအာ
"မောင် အရမ်းပင်ပန်းနေလား မနေ့ကဖုန်းတောင်မကိုင်နိုင်တော့ စိတ်ပူနေတာ"
ယွီပင်းကအားကိုးရတယ် ဘယ်လိုလိမ့်ပတ်ပြီး ပြောထားလဲမသိ ခွေးကောင်လေး အားကိုးရတယ် သူပြုံးကာ
"ဟုတ်တယ် မောင်ဒီမနက်မှ အိမ်ရောက်တယ် သဲကော ဒီနေ့ ရှုတင်မရှိဘူးလား"
YOU ARE READING
Love Hurts [COMPLETED]
Fanfictionချစ်ပေမယ့်လည်း နာကျင်ရတဲ့ အတိတ်ကအရာတွေကြောင့် ခဗျားကိုမုန်းတယ်💔