Part 52

1.3K 74 0
                                    

Unicode

ရှောင်းကျန့် LA ရောက်တာ သုံးလပြည့်ပြီ ခုချိန်ထိ ချင်းချင်ဆိုတဲ့ကလေးမက ဒီကိုမရောက်သေး china မှာပဲရှိသေးလေရဲ့ ထူးခြားတာကတော့ လူဆိုးကြီးကျန်းချန်နဲ့ ချစ်သူတွေဖြစ်နေပြီဆိုပဲ

ချစ်သူဖြစ်တာတောင်မနေ့ကမှ သူသိရတာ ဒါတောင်အစ်အောက်မေးလွန်းလို့ ဘာလို့ဆို vd call တိုင်းအပြုမှုတွေက မမှန်ဘူးလေ

သူနဲ့ချင်းချင်စကားပြောရင် သူငယ်ချင်းအရင်းကြီးတောင်သဝန်တိုတဲ့ လူပျိုသိုကြီးကျန်းချန်
သူတို့ကလဲ အာ့လိုပဲထင်အောင် ချင်းချင်နဲ့သူတိုင်ပင်ခဲ့ကြတာကိုး သူ့ကိုအများကြီးအကူညီပေးခဲ့တာက ညီမလေးတစ်ယောက်လိုခင်ရတဲ့ honey (ခေါ်)ချင်းချင် လူတွေရှေ့ဆိုရင် honey ခေါ်ရတာနဲ့ ကိုကိုခေါ်ရတာနဲ့ နှစ်ယောက်တွေ့တိုင်းရယ်မောခဲ့ရတာ

တစ်ဦးတည်းသောသမီးချင်းချင်က သူ့ကိုအကိုတစ်ယောက်လိုတွယ်တာလွန်းတယ် နှစ်ယောက်လုံးကဖြူဖြူစင်စင်ရှိခဲ့ကြပေမယ့် ကျန်းချန်ကြိတ်ချစ်နေမှန်းသိရတော့လဲ တခါတလေ ဟန်ဆောင်ပြရတာတွေကအမော ရိပေါ်ဆိုတဲ့ ကောင်‌ငယ်လေးအထင်မြင်လွဲအောင်လဲ လပ်ထပ်ပြီးသားချစ်သူလိုဟန်ဆောင်ခဲ့ကြသေးတယ်

မကြာခင် သူ့မွေးနေ့ရောက်တော့မှာပဲ ငါစိတ်နာပါရစေ မင်းကိုမေ့ပါရစေ ဒါမဲ့ အရာတိုင်းကထင်သလောက်မေ့မလွယ်ခဲ့ဘူး စိတ်နာသင့်တဲ့အရာတွေမှန်းသိပေမယ့် တစ်ရက်မှ သူမေ့မရခဲ့ဘူး

ဒီကိုရောက်တဲ့တစ်လလုံး သူ့ကြောင်းမကြားချင်မှအဆုံးနားညီးအောင်ပြောတာက ချင်းချင် အနုပညာလောကကရပ်လိုက်ပြီတဲ့ wang gp ကို ညီကိုနှစ်ယောက်ဦးစီးနေတယ်တဲ့ သူနဲ့တွေ့ဆုံခဲ့တဲ့နောက်ဆုံးရက်‌ကိုသတိရသွားစေတယ် သူချိန်းတဲ့ရက် မှာ သူ LA ကိုပြန်လာခဲ့တယ် ငါ့ကိုမုန်းလောက်ပြီပေါ့ ငါလိုချင်ခဲ့တာလဲ ဒါ‌ပဲလေ

မင်း ..ငါ့ကိုစောင့်မနေခဲ့ဘူးမလား

သူဒီ‌နေ့ Holiday ဖြစ်တာကြောင့် တစ်ယောက်တည်း ကမ်းခြေကိုရောက်လာခဲ့တယ်

"Hello ကျန့်ကော"

"အမလေး အသံကိုက ကျန့်ကောတဲ့ လုပ်ပါဦးမယ်မင်းကြီးမလေးရယ် အရင်လိုကိုကိုလေး ဘာလေး"

Love Hurts [COMPLETED]Tempat cerita menjadi hidup. Temukan sekarang