Part 36

1.1K 67 1
                                    

Unicode

ရိပေါ်တို့ China ရောက်လာခဲ့ပြီ။စေ့စပ်မဲ့ရက်မတိုင်မှီပြင်ကြဆင်ကြနဲ့ မနက်ဖြန်ဆို စေ့စပ်ရတော့မယ် hotel မှာပဲကြီးကျယ်ခမ်းနားစွာနဲ့ဆောင်မယ်ဖြစ်ကြောင်း ဘယ်သူ့မှမပြောဖြစ်သေးပေမယ့်တိုးတိုးတိတ်တိတ်ဖိတ်စာတွေဝေပြီး နောက်မှ media တွေဖိတ်တော့မယ်ဆိုပြီး ယွီအာနဲ့သူလဲ မအားရပါ အပျော်ဆုံးကတော့ယွီအာပါပဲ

ရှောင်းကျန့်မနက်ဖြန်မွေးနေ့ကိုသူရင်ခုန်နေတယ် ဒီရက်တွေသူ မအားတာနဲ့ကလေးဆီစာမပြန်ဖြစ် MD ညီ စေ့စပ်ပွဲကို သူအစအဆုံးစီစဉ်နေရတာကြောင့်ဖြစ်တယ်။ဒီနေ့တော့ ကလေးဆီစာပို့ထားလိုက်ပြီး
မနက်ပိုင်းတော့ သူဌေးရဲ့ ညီစေ့စပ်ပွဲရှိတာ‌ေကြာင့် ညနေအိမ်ကိုရောက်မယ်ဖြစ်ကြောင်းပို့ထားလိုက်သည် ။

ကလေး china ရောက်နေတာ သတင်းတွေမှာကြားနေရတယ် မွေးနေ့မတိုင်ခင်မဆက်သွယ်နဲ့ပြောသောကြောင့် သူမဆက်သွယ်ခဲ့ ။သူ့ဆီတကယ်လာတော့မှာဆိုပြီး ပျော်နေတော့တယ်။

ရိပေါ်ကသူ့အကိုအကူညီနဲ့ စေ့စပ်ပွဲအပြင်ဆင်တစ်ခုလုံးရှောင်းကျန့်အား စိတ်ကြိုက်ပြင်ဆင်ခိုင်းတာအဆင်ပြေနေခဲ့တယ် ၊သူလူလုံးထွက်မပြခဲ့ပါ၊သူအရမ်းရက်စက်ရာကျနေခဲ့ပြီလား

ယွီပင်းကိုတော့ အဖြစ်ပျက်အကုန်ပြောပြခဲ့ပေမယ့် ယွီပင်းကသူ့ကိုမလွန်ဆန်နိုင်တာကြောင့် ဘာမှမပြောခဲ့ပေ ၊ဒါမဲ့ မင်းဘယ်တော့မှနောင်တမရစေနဲ့တဲ့ ၊ဟ ဟ ငါ့ဘဝမှာနောင်တဆိုတာမရှိဘူး၊ငါလုပ်ခဲ့သမျှကငါ့စိတ်တိုင်းကျပဲဖြစ်လာခဲ့တာ ၊

ရှောင်းကျန့်အလုပ်ကိုညနေပိုင်းမှပြန်ရောက်တယ် MD အခန်းထဲဝင်ရန်တံခါးခေါက်ပြီးမှ ဝင်လာခဲ့တယ်

"ရှောင်းကျန့် ကဲ့လာ ကောမပြန်ပဲစောင့်နေတာ အဆင်ပြေလား ပြင်ရဆင်ရတာ"

Bobo က China ကနေ သူစေ့စပ်မယ် ‌ပြောပြီး သဘောတူပေးပါဆိုတော့ သူအံ့ဩခဲ့ရသေးတယ် ရှောင်းကျန့်နဲ့ကညီအကို သူငယ်ချင်းလို ခင်ကြတာပါတဲ့ bodi နဲ့ xz မှာဘယ်သူကမှားယွင်းနေလဲသူမသိခဲ့ပေ၊ ဒါမဲ့ သူထင်သလိုသူစိတ်ပူသလို စေ့စပ်မဲ့သူက ယောက်ျားချင်းမဟုတ်ခဲ့ ၊

Love Hurts [COMPLETED]Where stories live. Discover now