Unicode
ရှောင်းကျန့် သူ့အားအပေါ်ကနေတစ်ကိုယ်လုံးဖိပြီး မျက်နှာတစ်ခုလုံးအငမ်းမရနမ်းနေတဲ့ ရိပေါ်အားတွန်းဖယ်ချင်ပေမယ့် လက်နှစ်ဖက်လုံးကလဲ ရုန်းလို့ကိုမရ မတွေ့ခဲ့တဲ့အချိန်တွေမှာ ဘယ်လောက်တောင်အားတွေရှိနေခဲ့ရတာလဲ ဒါမှမဟုတ် သူကပဲ ရုန်းလို့ရရဲ့သားနဲ့ ဘာလို့စိတ်ကငြိမ်နေရတာလဲ
အချိန်တွေဘယ်လောက်တောင်ကြာသွားမှန်းမသိ အသက်ရှုကျပ်လာတော့ ခေါင်းကိုဘယ်ညာလွဲကာ လက်တွေကိုအတင်းရုန်းနေလိုက်ကာ ထထိုင်လိုက်မိတော့သည်။ မောဟိုက်နေတဲ့ ရင်အစုံက အသက်ရှုကျပ်နေသလို ရင်ဘတ်ထဲအကောင်တစ်ကောင်ခုန်နေသလို ရင်တွေတုန်ချက်..huuu
Yibo ကသူ့အားအတင်းရုန်းပြီး ငုတ်တုတ်ထိုင်ပြီးအမောဖြေနေတဲ့ရှောင်းကျန်းကို အသဲတွေယားလာပြီး စချင်လာတယ်
"ချိုလား "
"ဘာကိုချိုရမှာလဲ မင်း..."
"အရင်လိုအနမ်းတွေအချစ်တွေပြန်လိုချင်တယ် ပြန်လာပေးပါနော်"
သူ့ရှေ့ကမျက်နှာငယ်လေးနဲ့ပြောနေတဲ့ကောင်လေးကိုကြည့်ပြီး
"မင်း ခုငါ့ကားပေါ်ကဆင်း ငါ့မှာ လက်ထပ်ထားတဲ့သူရှိတယ် ငါ့ကိုခုလိုတွေထပ်လုပ်ရင်ဆွဲထိုးမိလိမ့်မယ်နော်"
ဒေါသတွေအရမ်းထွက်ပြီးအော်နေတဲ့ ကိုကိုက အရင်ကကိုကိုနဲ့မတူတော့သလိုပဲ အရင်က ကိုကိုက သူ့ကိုအော်ငေါက်ဖို့မပြောနဲ့ အရိပ်တကြည့်ကြည့်ချစ်ခဲ့တဲ့လူ ဂရုစိုက်ပေးခဲ့တဲ့လူသား
ကားကအထဲမှာမှောင်နေပေမယ့် အနီးကပ်ရှိနေတဲ့မျက်နှာလေးကအထင်းသား ဘယ်လောက်တောင်နမ်းရှိုက်မိမှန်းမသိတဲ့နှုတ်ခမ်းပါးတွေက ရောင်နေသလိုမျိုးစိုစိုရဲရဲဖူးဖူးလေး ဒီလိုအတူရှိနေရင်သူ့စိတ်တွေထိန်းမထားနိုင်မှာစိုးတယ် မျက်နှာလေးကသူ့အားတစ်ချက်မှမကြည့်
"ကိုကို ကျနော်သွားတော့မယ် မနက်ဖြန်တွေ့မယ်နော် "
"Sorry ပဲရိပေါ် ..မနက်ဖြန်ငါမအားတော့ဘူး မင်းနဲ့ငါ့ကြားဘာမှလဲပြောစရာမှမလိုတော့တာ နောက်ငါနဲ့မပက်သက်မိစေနဲ့ မင်းရှေ့လဲငါမလာသလို ငါ့ရှေ့လဲမင်းမလာပါနဲ့"
YOU ARE READING
Love Hurts [COMPLETED]
Fanfictionချစ်ပေမယ့်လည်း နာကျင်ရတဲ့ အတိတ်ကအရာတွေကြောင့် ခဗျားကိုမုန်းတယ်💔