Unicode
ကောကရီရင်းထွက်သွားတော့ သူနဲ့ယ္ီပင်းက ဟိုအကြောင်း ဒီအကြောင်းပြောရင်း
"ငါနဲ့ကိုကိုအကြောင်း ဟိုနှစ်ကောင်မသိဘူးမလား "
"အေ ငါတော့မပြောဘူး မင်းကြွားထားရင်တော့ သူတို့သိမှာပေါ့ ""ပြောစရာလား ကောချန်ရယ် ကျင်းလင်ရယ်က ဒီလောက်နီးစပ်နေတာကို သိရင်လဲသိမှာပေါ့ ဒါမဲ့အမလေး သိရင်ဒီတိုင်းမနေဘူး ငါ့မှာယွီအာရှိတာ သူတို့သိတယ် ဝုန်းဒိုင်းကြဲနေလောက်ပြီ"
" ဒါနဲ့မင်းဘယ်လိုဆက်လုပ်မှာတုန်း ငါ့အထင် ကောက တကယ်ကောင်းတဲ့လူပါကွာ ငါတို့ဟိုမှာတုန်းကသာ သူ့အကြောင်းမသိလို့ ပြောခဲ့ကြတာ သူကျဲကို အာ့လိုတွေမလုပ်လောက်ဘူး ထင်တယ် မင်းအာ့လိုလက်စားချေတာတွေဘာတွေမလုပ်ပါနဲ့ေတာ့ကွာ မင်းလဲ သူ့ကိုချစ်တာပဲ မဟုတ်လား ဟိုကလဲ မင်းမှမင်း မင်းအကို သိရင်လဲဘာဖြစ်မလဲမသိဘူး သူကရုံးကလူနော် ငါတော့မင်း ကောကိုသာ အရှက်တကွဲအကျိူးနည်းတွေလုပ်ရင် သူသိပ်ခံစားရမှာ ဒီတိုင်းပဲ မင်းချစ်တဲ့ ကောနဲ့ နေသွားပါကွာ ကျဲလဲခွင့်လွတ်မှာပါ "
"မင်းတော်လိုက်တော့ ငါသူ့ကိုမချစ်ဘူး စိတ်လဲမဝင်စားဘူး ကျဲခံစားရသလို ငါလုပ်ပြမယ်ကြည့်နေ ခဏကပြောတာတွေကိုလဲ အတည်ထင်မနေနဲ့ သရုပ်ဆောင်နေတာ
သူ့ကိုငါဖြစ်စေချင်တာလဲဒါပဲလေ China ပြန်လာတာက ဒီကိစ္စအကောင်ထည်ဖော်မလို့ ဒါတွေပြီးသွားရင်ကျဲစိတ်ချမ်းသာမှာပါ""ကျဲစိတ်ချမ်းသာမယ်ဆိုတာ မင်းဘာမင်းထင်နေတာ ငါ့အမြင် မင်းကောကို ချစ်မိနေပြီ မင်းယွီအာရော ချစ်ရဲ့လား "
"ချစ်လို့ပဲတွဲနေတာလေ ငါ့ပန်းတိုင်က ဟိုရောက်ရင် ယွီအာနဲ့စေ့စပ်မယ် ပြီးရင်လက်ထပ်မယ် ငါက straight တစ်ယောက် အချိန်ခါကြောင့် ဇာတ်တူသားစားနေရတာ "
"မင်း ရက်စက်တ်မထင်ဘူးလား ပြီးမှနောင်တရမယ်နော် တကယ်ကဟိုကလဲ straight ပါ မင်းနဲ့ကျမှ ....မင်းမွေးနေ့ကိုတောင် သူဒီလိုတွေလုပ်ပေးခဲ့တာ မင်းခဏကပျော်နေခဲ့တယ်လေ ငါကလဲအလိုတူအလိုပါ သူ့ကိုသနားတယ် မင်းဘာတွေဆက်လုပ်မလဲ "
YOU ARE READING
Love Hurts [COMPLETED]
Fanfictionချစ်ပေမယ့်လည်း နာကျင်ရတဲ့ အတိတ်ကအရာတွေကြောင့် ခဗျားကိုမုန်းတယ်💔