Unicode
" ချင်းချင် ကောသူ့ကိုဆုံးရှုံးမခံနိုင်တော့ဘူး "
"နေပါဦး ကောရယ် အဲနေ့ကတွေ့တဲ့ကောင်မလေးက သူ့အသိဆွေမျိုးတွေထဲကနေမှာပါ "
"သူ့အကြောင်းကောသိတယ် မိန်းကလေးေဆွမျိုးတွေသိပ်မရှိပါဘူး ပြီးတော့ညဘက်ကြီးလေ "
ချင်းချင်ခမျာလဲ ဘာမှမပြောပြတတ်တော့ ဒီအကိုကြီးရဲ့ အချစ်က အရမ်းသိမ်မွေ့နူးညံ့တယ် အနစ်နာခံတတ်တယ် လူတိုင်းအပေါ်၊ သူနဲ့ LA မှာစသိကတည်းက စိတ်ထားလေးနူးညံ့လွန်းလို့ အကိုတစ်ယောက်လိုချစ်ခင်ခဲ့ရာက ခုချိန်ထိ အချစ်ခင်မပျက်
ပြီးတော့ သူ့ဘဝအကြောင်းတွေ ကိုကို့ဆီကကြားပြီးကတည်းက အရမ်းသနားခဲ့ရတာ ၊သူချစ်လှပါချည်ရဲ့ ဆိုတဲ့ လူဆီကနေ နာကျင်ခံပြင်းအရှက်ရစရာတွေကြုံခဲ့ရပေမယ့် မမုန်းရက်နိုင်ပဲ ခုချိန်ထိ တစ်ကောက်ကောက်လိုက်နေတုန်းပဲ
သူလဲကူညီပေးဖြစ်တယ် ဒါမဲ့နှစ်ယောက်လုံးရဲ့အခြေနေက တစ်မျိုးလေး သူကကောရဲ့ချစ်ခြင်းကိုအနီးကပ်မြင်နေခဲ့ရတဲ့ သူဆိုတော့ ဝမ်ရိပေါ်ဆိုတဲ့လူရဲ့ ချစ်ခြင်းတွေကို မသိ၊ ခုချိန်ထိ ကောကိုချစ်နေတာလား ? အရင်ကရော ချစ်ခဲ့တာလား ?
အနုပညာလောကကထွက်လိုက်တော့ အတော်လေး ထိတ်လန့်အံ့ဩခဲ့ရတာ သိုပေမယ့်လဲ စီးပွားရေးလောကမှာ အောင်မြင်နေပြန်ရော မိန်းကလေးတွေကြားထဲမှာလဲ အတော်လေးနာမည်ကြီးတယ် တစ်ယောက်ပြီးတစ်ယောက်တွဲတယ်ဆိုတဲ့သတင်းတွေလဲ ကြားတယ် ဒီကိစ္စသူအကောင်ထည်ဖော်ပေးမှရတော့မယ်
"ဒေါက် ဒေါက် "
"ဝင်ခဲ့ပါ"
"အလုပ်တွေရှုပ်နေတာလား ကောနှောင့်ယှက်မိပြီ bobo"
"အာရတယ် ကောထိုင်အုန်း "
သူ့ရုံးခန်းကကျယ်ပြီး ဧည့်သည်တွေလာရင်ထိုင်ဖို့လုပ်ထားတဲ့ ဆိုဖာဆီ လက်ကိုညွန်ပြီး ကောကိုထိုင်းခိုင်းတော့"Bobo မွေးနေ့နီးနေပြီနော် ဘာလုပ်မယ်စဉ်းစားထားလဲ "
ကောရှီးချန်မေးတော့မှ သတိထားမိတယ် ဟုတ်လား မွေးနေ့နီးနေပြီပဲ သူ့အတွက်မွေးနေ့ပွဲဆိုတာတွေလဲ အရေးမကြီးတော့ပါဘူး
YOU ARE READING
Love Hurts [COMPLETED]
Fanfictionချစ်ပေမယ့်လည်း နာကျင်ရတဲ့ အတိတ်ကအရာတွေကြောင့် ခဗျားကိုမုန်းတယ်💔