"Happy Birthday koko 🎂
ကိုကိုကြိုက်တဲ့ ချောကလက်ကိတ်လေး ကျနော်ကိုယ်တိုင်လုပ်ထားတယ်
ခုရောက်နေတဲ့အရပ်မှာ ဘေးမသီရန်မခဘဲ အမြဲပျော်ရွင်နိုင်ပါစေ ကျနော်ကိုကို့ ကိုအမြန်ရှာတွေ့နိုင်ပါစေ ကျနော့ရဲ့ ကလေးလေး ကိုကို နာကျင်စရာတွေကင်းဝေးပါစေ "စကားမဆုံးခင်ရှိက်သံထွက်လာခဲ့ပြီး ကျလာတဲ့မျက်ရည်တွေကို လက်နှစ်ဖက်နဲ့ကြမ်းတမ်းစွာသုတ်လိုက်မိသည်။ ဆက်သွယ်စရာ ဖုန်းနံပါတ်မရှိ wechat ကစာတွေပို့နေခဲ့သော်လဲ သူအရင်အကောင့်မသုံးတော့ဘူးထင်ပ စာလေးတစ်ကြောင်းတောင်ပြန်မလာခဲ့
"တီ တီ တီ "
" Hello yubin ပြော"
" မင်းငိုနေပြန်ပြီလား အသံက
ဟူးး ဒီနေ့ ကောမွေးနေ့မလား
လုပ်စရာရှိတာလုပ်ပြီး
အပြင်ထွက်လာခဲ့လေ ပြောစရာလဲရှိတယ် စိတ်ပြေလက်ပျောက်ပေါ့""အင်း လာခဲ့မယ်လေ Cake ခွဲလိုက်ဦးမယ် နာရီဝက်နေရင်လာခဲ့မယ် ဘယ်လဲ "
" မင်းလဲ အရူးတစ်ပိုင်းပဲ ငါမပြောတော့ဘူး ဒါမဲ့ မင်းစိတ်ကိုမင်းထိန်းနိုင်အောင်ကြိုးစားနော် ရိပေါ် ...
ကောင်းပြီ ကမ်းနားဘက် လာခဲ့ ""Ok"
Yu bin တောင်သူ့အကြောင်းကောင်းကောင်းသိနေပြီ psycho ဝင်မှာကြောက်လို့တဲ့ အမြဲတစ်ယောက်တည်း စကားပြောနေတာကြောင့် ဟားး
ကိတ်လေးကို ခွဲချလိုက်ပြီး သူတစ်စိတ်လုံးကုန်အောင်စားလိုက်သည်။ ကိုကိုလဲ မွေးနေ့တုန်းက ခုလိုခံစားခဲ့ရတာလားဟင် ကျနော်ခုလိုခံစားရတာထက်အဆတစ်ရာကိုကိုခံစားခဲ့ရမှာပဲကျနော့ရင်ဘတ်တွေနာကျင်မိတယ် ကိုကို့ ကို ခုချိန်ထိတစ်ရက်မှမေ့မရခဲ့ဘူး တစ်သက်လုံးလဲမေ့နေခဲ့မှာမဟုတ်ဘူး ကိုကိုသိလား ကျနော့မှာ ကိုကို့အတွက် birthday Surprise ရှိတယ် ဒီတစ်ခါ ကျနော်မရက်စက်တော့ဘူး ကျနော့အမှားတွေအတွက် ချည်နှောင်ထားတယ်
ကိုကို ကိုကိုပြန်လာရင်လက်ခံရမှာနော်
မွေးနေ့လက်ဆောင်လေးက စာချုပ်လေးရယ် လက်စွပ်လေးရယ်
YOU ARE READING
Love Hurts [COMPLETED]
Fanfictionချစ်ပေမယ့်လည်း နာကျင်ရတဲ့ အတိတ်ကအရာတွေကြောင့် ခဗျားကိုမုန်းတယ်💔