ရှောင်းကျန့် အောက်ပြုတ်ကျတော့ ကလေးသူ့ကိုလှည့်မကြည့်လာခဲ့ ၊မင်းအသည်းမာလှချည်လား ကလေးရယ်၊ဘာကိစ္စ ကလေးက သူ့ကိုဖောက်ပြန်တာတွေဘာတွေလာပြောနေရတာလဲ ၊ သူထပြီး အိမ်ရှေ့ဝရံတာဘက်ထွက်လာခဲ့သည်
ရိပေါ်သောက်လက်စတစ်ဘူးလုံးထိုင်သောက်နေလိုက်တော့တယ် မွန်းကြပ်လိုက်တာ ဘာလို့လဲ ကလေးကငါ့အပေါ်အချစ်လျော့သွားပြီလား ငါဘာအမှားတွေများကျုးလွန်မိခဲ့လို့လဲ ဂရုမစိုက်လို့လား၊သူငါနဲ့နေရတာပင်ပန်းလာလို့လား ဟင့်အင်းကိုကိုကတော့ ကလေးရှိမှပြည့်စုံတာ၊အမြဲဘေးမှာနေဖို့ဆုံးဖြတ်ပြီးသား၊ သူနာကျင်စွာ တိုးတိုးလေးရီမိတယ် ကလေးကသူ့ကိုယ်တောင်မတွေ့ချင်တော့ဘူး မျက်ရည်တွေပါးနှစ်ဖက်ဖြတ်ပြေးသွားတယ်
"ငါမငိုဘူး ကလေးကမကြိုက်ဘူး မငိုဘူး"
တိတ်တိတ်လေးရှိုက်လိုက် ငိုလိုက်နဲ့အိပ်ပျော်သွားတော့တယ်အလင်းရောင်စူးရှရှနဲ့မနက်လင်းတော့ အိပခန်းထဲမှာ
"အာငါမေန့ကဝရံတာမှာ အိပ်မိတာပါ ဟတ်ချိုး ဟတ်ချိုး အဟွတ် အား နှာစီးလိုက်ချောင်းဆိုးလိုက်နဲ့ အအေးမိပြီနဲ့တူတယ်"
ကလေးကသူ့ကိုအထဲထည့်ပေးထားတယ် သူအတိုင်းဆမရှိပျော်သွားတယ် ကလေးကစိတ်ပြန်လည်လာပြီထင်တယ် ချစ်လိုက်တာ ကောင်လေးရာ
သူဟိုဒီလိုက်ရှာတော့ ကလေးမရှိတော့ဘူး"Shooting သွားပြီထင်တယ် ငါမနက်စာမပြင်ပေးလိုက်ရဘူး ဘာမှမစားပဲနေတော့မယ် ဒီကလေးတော့ "
မနေ့ကအကြောင်းစဉ်းစားရင်း နာကျင်မှုကပြောပြမရ၊ရေချိုးခန်းထဲဝင်ပြီး ပြန်ထွက်လာတော့ ကလေးကအပြင်ကပြန်လာကာ
"ကလေး ကိုကိုကကလေးအလုပ်သွားပြီထင်တာ ကိုကိုစားဖို့တခုခုလုပ်ပေးမယ် ခဏလေး"
သူအားပြောနေတဲ့ ကိုကိုကရေချိုးခန်းထဲကထွက်လာတော့ အောက်မှာသဘက်တထည်တည်း ကိုကိုကနည်းနည်းပြည့်လာသလိုပဲ ရင်ဘတ်က 3 packs လောက်မြင်နေရတယ် ရေစက်တွေတွဲလွဲခိုကာ ဆံပင်ရေစိုကို သုတ်နေပုံက korea မင်းသား Park seo joon လို😁
သူတံတွေးတချက်မျိုချကာ ထမင်းစားခန်းထဲဝင်ထိုင်နေလိုက်တယ်
ESTÁS LEYENDO
Love Hurts [COMPLETED]
Fanficချစ်ပေမယ့်လည်း နာကျင်ရတဲ့ အတိတ်ကအရာတွေကြောင့် ခဗျားကိုမုန်းတယ်💔