Unicode
"ဘာ"
တံခါးကိုဆောင့်ပိတ်ပြီးပြန်ဝင်သွားတဲ့ကောချန်နဲ့ ဟိုမိန်းကလေး
ငါ့ကိုလိမ်နေကြတာမလား ကောကဘာလို့ပြန်သွားရမှာလဲ ဒီမှာမင်္ဂလာဆောင်ဦးမှာဆို ပြီးတော့ဟိုမိန်းကလေးကရော ဘာလို့မပြန်သေးတာလဲ
ကျွန်တော့ကိုတစ်ယောက်ယောက်လာရှင်းပြပေးကြပါဦး ရင်ဘတ်တွေနာကျင်လာပေမယ့် ကောကိုသူအပြစ်မတင်ရက် အိမ်ကိုကျောခိုင်းကာလှည့်ထွက်လာခဲ့တယ် နှလုံးကသွေးစက်တစ်စက်စက်ကျနေရင်းပေါ့
"ကော ကောရိပေါ်"
သူ့နာမည်ခေါ်သံကြားလို့နောက်လှည့်ကြည့်မိတော့မှ ဟိုကလေးမဖြစ်နေမှန်းသိလိုက်တယ်
ချင်းချင်ခမျာ
အမလေး ဟူး လေးချန်မသိအောင် သူမ ခိုးထွက်လာခဲ့ရတယ် သိချင်တာလေးတွေရှိသေးလို့ ဟီးး "ကောရိပေါ်ကခု ကိုကို့ကိုဘာလို့လာရှာတာလဲ ပြီးတော့ ကိုကိုကဘာလို့အလောတကြီးပြန်သွားလဲမသိချင်ဘူးလား"
"ဘာရယ်မဟုတ်ပါဘူး မိတ်ဆွေတွေဆိုတော့ဟို ..ဟာ အလုပ်ကိစ္စတွေပြောမလို့ပါ ကျွန်နော်က ချင်းချင်နဲ့ ကောနဲ့ ဟို ကောရှောင်းကျန့်နဲ့ မင်္ဂလာဆောင်ပြီးမှသွားမယ်ထင်နေတာ "
အရေးထဲ သောက်ပါးစပ်ကလာထစ်နေသေးတယ်ရိပေါ်ရယ် မင်းရဲ့ကျဆုံးခန်းကိုမြင်ရင်သူတို့ဟားတိုက်ကြလိမ့်မယ်
"အော် ..အင် အင်းဟုတ်တယ် ဟီး ဒီမှာမဆောင်တော့ဘူးလေ ကိုကိုကအလုပ်တွေအရမ်းများတော့ ခုတောင်စောစီးပြန်သွားရတာ ချင်းချင်လဲမကြာခင်ပြန်မှာ ကိစ္စတွေမပြတ်သေးလို့ ကလေးတွေဘာတွေရရင် လာဖြစ်မလားတော့မသိဘူး မပြောတတ်ဘူး"
"အော် ဟိုမှာပဲအခြေချကြတော့မလို့လား "
"အင်း ..ဟုတ်တယ် ကောကပြန်မလာတော့ဘူးတဲ့ ချင်းချင်ကလဲ ဟိုကဇာတိလိုဖြစ်နေတော့
ဒီကိုသိပ်ပြီးလာဖြစ်မယ်တော့မထင်တော့ဘူး ကောရိပေါ်က LA လာရင်ချင်းချင်တို့အိမ်ဝင်ခဲ့လေ ကိုကိုနဲ့ချင်းချင်ကနေရာစုံလိုက်ပို့မှာပါ"
YOU ARE READING
Love Hurts [COMPLETED]
Fanfictionချစ်ပေမယ့်လည်း နာကျင်ရတဲ့ အတိတ်ကအရာတွေကြောင့် ခဗျားကိုမုန်းတယ်💔