Part 13 ⚠

2.5K 82 0
                                    

Unicode

"တောက် "

"ဟေ့လူ အရိုင်းအစိုင်း"

"ရိပေါ်တော်တော့ မင်းလဲသူ့ကိုပြောပြီးပြီပဲ တော်လိုက်တော့ တကယ်ပဲ မင်းတို့ကအာ့လောက်ထိဖြစ်နေကြတာလား မင်းသူ့အကြောင်းတွေပြောတုန်းက ဒီလောက်ထိအမုန်းပွားနေကြလိမ့်မယ်လို့မထင်ထားဘူး"

ယွီပင်းတစ်ယောက်ရိပေါ်ကို မနည်းဆွဲထားလိုက်ရတယ် ရိပေါ်ကအတင်းကိုပြေးပြီးထိုးတော့မယ့်ပုံ
" ယွီပင်းဖယ်တော့ ပြန်မယ် အဲလူငါနဲ့တွေ့ကြသေးတာပေါ့ကွာ ငါ့ကိုများမိန်းမတစ်ယောက်လိုပြောသွားတာ ဒီထက်ဆိုးတယ် သူနဲ့ငါ့ကြားကအမုန်းက"

သူအဲလူနဲ့ ယွီပင်းမျက်နှာချင်ူဆိုင်အကြည်ဆိုက်နေကတည်းက ဒေါသထွက်နေတာ
"ဒါနဲ့နေဦး မင်းက သူ့ကိုဘာလို့ ဒီလောက်တောင်ငေးနေရတာလဲ ခုလဲရုပ်ကိုကြည့်ဦး ပြုံးဖြီးနေတာ ငါ့ရုပ်လဲအားနာအုံး ဘယ်လောက်ဒေါသထွက်နေလဲဆိုတာ "

"မဟုတ်ပါဘူးကွာ korea မှာတုန်းကသူ့ပုံမြင်တော့ ပုံမှန်လောက်လေး ကြည့်ကောင်းတဲ့အနေထားထင်ခဲ့တာ အပြင်မှာတွေ့ရော ဟာ ရူးလောက်တယ် အာ့ကြောင့်လဲ Bar မှာကော ရုံးမှာကော famous ဖြစ်နေတာ "

"ဘာ "

"ဟာ မင်းကလဲ ဖြည်းဖြည်းအော်ပါ ကြည့်ကောင်းတယ်ချောတယ် တကယ် အာ့လိုချောတာမမြင်ဖူးသေးဘူး ဒါမဲ့ငါဆွဲမစိပါဘူး မင်းလူကို မင်းအစီစဉ်တွေအကုန်သိတယ်လေ ဟိ ဟီး "

"ဟျောင့် မင်းရဲ့ ချောပုံတော်ဖွင့်နေတာ တော်တော့ ယောက်ျားချင်း စိတ်လေးဘာလေးထိန်း ပြန်မယ်" 🤣

ယွီပင်းနဲ့သူဘီယာတွေအရက်‌ေတွသောက်ပြီး မူးနေတာ သူကတော်ပါသေးတယ် ယွီပင်းမှောက်သွားပြီး အိပ်ရာပေါ်ချထားခဲ့တယ် သူကတော့ ဘီယာဗူးကိုင်ပြီး ဝရန်တာအပြင်ကိုထွက်သောက်နေလိုက်တယ်

Xiao Zhan တစ်ယောက်အိပ်မ‌ေပျာ်တာနဲ့ ဘီယာတွေဘယ်နှစ်ဗူးကုန်သွားမှန်းမသိ ပြီးမှ ဝရန်တာပေါ်ထွက် ဆေးလိပ်တွေတစ်လိပ်ပြီးတစ်လိပ် သောက် သူဆေးလိပ်အရမ်းစွဲနေပြီ ထင်ပါရဲ့ အတိတ်ကအရာတွေမားနဲ့ပါးကိုသတိရစိတ်တွေကြောင့် ဆေးလိပ်နဲ့ပဲဖျော်ဖြေနေခဲ့တယ်

Love Hurts [COMPLETED]Where stories live. Discover now