Part 21

1.3K 75 0
                                    

Unicode

"ဒုန်း ဒုန်း"

အပြင်ကဘာလဲကွာ ငိုချင်တာတောင်မငိုရတဲ့ဘဝ ည11 ရှိပြီ ဘယ်သူလဲ ၊တခါးဖွင့်လိုက်တော့
"ရှောင်းကျန့် "
ရိပေါ်အတင်းပြေးဖက်လိုက်တယ် ရေတွေစိုနေပါလား ညဘက်ကြီး ဘာလို့အမြဲရေစိမ်ရတာလဲ
"ငါ့ကိုလွတ်"

လွတ်သွားတော့
"ဘာလို့အမြဲတမ်းရေချိုးခန်းထဲအကြာကြီး ရေစိမ်ရတာလဲ သေသွားမှာမသိဘူးလား"
"သေတာ ဘာအရေးလဲ ဘာကိစ္စလဲ ဘာတွေထပ်ပြောဖို့ကျန်သေးလို့လဲ "

"ခင်ဗျားကို ချစ်တယ် "

"ဘာ "
"ခင်ဗျားကိုချစ်တယ်လို့ "ပြောပြီး သူအိမ်သူ့ရာလို ရှောင်းကျန့်အိပ်ရာကုတင်ပေါ်သွားထိုင်နေလိုက်တယ်

"မင်း ဘာစိတ်ကူးတွေပေါက်လာပြန်တာလဲ ငါ့ကိုအမျိုးမျိုးဒုက္ခပေးရမှကျေနပ်မှာလား ဟမ် ဝမ်ရိပေါ် မင်းကောင်မလေးရောဘာလုပ်မှာလဲ " ပခုံးနှစ်ဖက်ဆွဲကိုင်ပြီးလှုပ်ရမ်းလိုက်တယ်
ဝမ်ရိပေါ်ရှောင်းကျန့်အားတင်းကျပ်စွာ ဖက်ထားလိုက်ကာ

"ခင်‌ဗျားလဲကျုပ်ကိုချစ်တာပဲမဟုတ်လား ကောင်မလေးမရှိဘူး သူငယ်ချင်းတွေပဲရှိတာ ကျန်တာဘာမှမသိချင်ဘူး ခင်ဗျားကြောင့် ရင်ဘတ်တွေနာကျင်တယ် ကျုပ်ကိုပဲချစ် တခြားဘယ်ကောင်မှ မချစ်နဲ့ မျက်လုံးနဲ့တောင်စွေ့မကြည့်နဲ့ ဘယ်ကောင်ကိုမှအရေးမလုပ်နဲ့ ဟီးး 😭😭"

သူ့ကိုဖက်ပြီးငိုနေတဲ့ကောင်လေးကို သူလဲတင်းကျပ်စွာပြန်ဖက်ထားလိုက်တယ်
အချိန်ဘယ်လောက်‌ေတာင်ကြာသွားလဲမသိ ကိုယ်ချင်းပြန်ခွာတော့ ကောင်လေးက ပါးပေါ်မှာမျက်ရည်စီးကြောင်းလေးတွေနဲ့ အိပ်ပျော်နေသောကောင်လေး

သူမြတ်နိုးစွာ နဖူး‌ေလးကိုဖွဖွနမ်းပြီး ပါးလေးနှစ်ဖက်ကို မွေးကြူလိုက်တယ် ပွေ့ချီကာ အိပ်ရာပေါ်ချပေးလိုက်တယ် စောင်ခြုံပေးပြီး ဘေးနားမှာသူလဲလျောင်းကာ ရင်ခွင်ထဲထည့်ကာ အိပ်ပျော်သွားတော့တယ်

ရှောင်းကျန့်နိုးတော့ မနေ့ကအကြောင်းစဉ်းစားမိကာ ဝမ်းနည်းဝမ်းသာ ဘေးကိုစမ်းကြည့်တော့ သူမရှိဘူး

Love Hurts [COMPLETED]Where stories live. Discover now