Part 28

1K 61 1
                                    

Unicode

* နှလုံးသားရဲ့ အတိမ်နက်
ငါ့အတွက်တော့အိမ်မက်မဟုတ်ဘူး
အချိန်နာရီနေ့ရက်တွေ ပျော်စရာတွေ
ဝေမျှခဲ့ဖူး ခဏလေးမဟုတ်ဘူး
ကြည်နူးခဲ့တာတွေ ဟူး ပျော်မြူးခဲ့တာတွေ
အမှတ်ရလို့အောက်မေ့နေ ဘဝကတော့ခြောက်သွေ့နေ ဘယ်သူမှလဲ
နားမလည်ကြဘူး..................
  ချစ်ခဲ့တာလား နင့်ကို
    ရူးခဲ့တာလားအချစ်ကို
ဟိုအရင်လိုနင်မရှိဘူး ငါ့မှာတော့ ယောင်ချာချာ တစ်ယောက်တည်းရူး
ရူးနေပြီ.....*

"အိုး ကော သီချင်းဆိုတာမိုက်လိုက်တာ တကယ်စီးမျောရတာကောင်းတယ် mood ကတော့အပြည့်ပဲ ဒါမှမဟုတ် ခံစားချက်သီချင်းများလား"

"ဟုတ်တယ်ဟေ မင်းတို့ကောရဲ့ အချစ်ဦးအပေါ်ခံစားချက်သီချင်း"

"ဟေ့ကောင် ကျန်းချန် ကလေးတွေကို ဘာတွေသွားပြောနေတာလဲ"

"အမယ် မဟုတ်လို့လား ဟိုကကလေးမဟုတ်တော့ဘူး မိန်းမယူရင်ကလေးအဖေအရွယ်တောင်ရောက်နေပြီ ဟားး ကဲ့ ညဉ့်နက်နေပြီ ကျင်းလင် စစ်ကျွေးအိပ်တော့ "

"ဟုတ် good night နော်ကောတို့နှစ်ယောက် ကော သားတို့ Bar လာမှာနော် အဲချိန်တစ်ဝကြီး နားထောင်မှာ"

"အင်းပါကွာ နောက်မှတွေ့မယ် ဘိုင့် Gn"

ဟိုနှစ်ကောင်က သဲကိုသဲတယ် သူတို့နဲ့ပြောပြီးကြပီ့ဆိုတော့ ရိပေါ်လဲထပြီး အသံပေးမလို့ နှစ်ယောက်စကားထပြောတော့ သူ့အမည်ကိုပြောသောကြောင့် သူပြန်ထိုင်ပြီးနားထောင်နေလိုက်တယ်

"ရှောင်းကျန့် ဒီနှစ်ကောင်က မင်းနဲ့ရိပေါ်ချစ်တာ မသိသေးဘူးနော် ရိပေါ်ကရောဘာလို့မပြောတာလဲ မသိဘူး ငါရိပေါ်ကိုကြည့်ရတာမင်းအပေါ်မရိုးသလိုပဲ"

"ဘယ်ရိုးမလဲ ချစ်သူတွေဖြစ်နေတဲ့ဟာကို မင်းကကွာ မဟုတ်တာတွေစိုးရိမ်နေတယ် ကလေးကငါ့ကိုချစ်တယ် ငါလဲအရမ်းချစ်တယ် နောက်ဘယ်လိုဖြစ်မလဲမသိပေမယ့် သူရှိနေရင်ပြည့်စုံပြီ ဒါမဲ့ငါရှိနေလို့ သူ့တက်လမ်းပိတ်မှာလဲကြောက်တယ် ကလေးကငယ်သေးတယ်လေ သူဒီထက်မက အောင်မြင်ရဦးမှာ "

"ဒီမှာ သူ့ကိုတခါတလေမရိုးဘူးထင်တာက မင်းကိုစိတ်ပူလို့ မင်းအရင်လ်ုတွေဖြစ်မှာ ငါစိတ်ပူတယ် ဒါမဲ့ဟုတ်တယ်လေ ရုတ်တရက်အခန်းဘေးပြောင်းလာတယ် မင်းကိုအတင်းကပ်သလို ရန်လဲဖြစ်တယ် ပြီးတော့ ကျင်းလင်က ပြောတယ်ရိပေါ်မှာ ချစ်သူရှိတယ်တဲ့  ငါကသေချာလို့လား ဘယ်သူလဲဘယ်ကလဲမေးတော့ Korea ကတဲ့ ငါကမင်းတို့အကြောင်းသိသွားပြီထင်တာ သူနဲ့ကျောင်းအတူတက်ခဲ့တဲ့ ကောင်မလေးတဲ့ ငါကသေချာလို့လားပြန်မေးတော့ ဟိုတလောကမှပြောကြသေးတယ်တဲ့ ခုတော့ပြတ်ပြီလားဘာညာတော့မသိဘူးတဲ့ "

Love Hurts [COMPLETED]Where stories live. Discover now