Extra 5 ( Unicode )
1.7K 80 6
" ဒါဆို နင်တို့ အခုချိန်ထိ ဘာမှမဖြစ်သေးဘူးပေါ့ "
" အင်း "
ကျိုးကျမတတ်ငုံ့ထားသည့် ရှေးဝသုန်၏ခေါင်းမှာ ပြန်ပေါ်မလာသေး ၊ မြသက်ခြယ်မှာ စိတ်ပျက်သည့်ဟန်ဖြင့် ရှေးဝသုန်ဘေးရှိ ဆိုဖာခုံပေါ်တွင် ခပ်လျော့လျော့ထိုင်နေသည်။ ဦးဘုန်းမြတ်မှာ တစ်ဦးတည်းသော သားမို့ စကားအရသာ ပြတ်သည်ဆိုသော်လည်း မင်္ဂလာအလှူကို လာရုံမျှမက တောင်ကြီးဘက်တွင် ခြံတစ်ခြံနှင့် တိုက်တစ်လုံးလက်ဖွဲ့ရုံမက အောင်ပန်းရှိခြံများကို အပြီးအပိုင် ဘုန်းရှိန်ဝါအမည်နှင့် လွှဲပေးခဲ့သည်။
ဘုန်းရှိန်ဝါမှာ ရန်ကုန်ရှိ သင်တန်းကျောင်းကို မြသက်ခြယ်အား ဦးစီးစေကာ တောင်ကြီး ၊ အောင်ပန်း ၊ ကလောတစ်ဝိုက်ရှိ ဘွဲ့ရပြီးစလူငယ်များကို နိုင်ငံခြားတွင် ပညာဆည်းပူးရင်း အလုပ်အတွေ့အကြုံရဖို့အတွက် ရည်ရွယ်ကာ တောင်ကြီးမြို့တွင် သင်တန်းခွဲဖွင့်မည့်ကိစ္စနှင့် ပတ်သက်ပြီး မြသက်ခြယ်မှာ တောင်ကြီးသို့ရောက်နေခြင်းဖြစ်သည်။
ကောင်းမြတ်မှူးထံမှ အစ်ကိုဖြစ်သူ ဘုန်းရှိန်ဝါနှင့် မိမိသူငယ်ချင်း ရှေးဝသုန်၏ အဖြစ်ကို သိခဲ့ရပြီးဖြစ်သော်လည်း မယုံသဖြင့် ခရီးရောက်မဆိုက် အလုပ်ကိစ္စပင် မပြောနိုင်ဘဲ ၊ မေးမိခြင်းဖြစ်၏။
" ဝသုန် နင်ဘာလို့ အစ်ကိုဘုန်းရှိန်ကို ရှောင်နေရတာလဲ "
မြသက်ခြယ်မှာ ရှေ့မျက်နှာ နောက်ထားပြီး မရှက်နိုင်တော့ဘဲ ရှေးဝသုန်ကို မေးမိ၏။
" ဟို...ငါ...ငါလေ.... "
" အေး နင်တွန့်ဆုတ် တွန့်ဆုတ်လုပ်နေ ဒီလိုလုပ်လို့လဲ အရင်တုန်းက ဘာဖြစ်ပြီးပြီလဲ "
မြသက်ခြယ်မှာ ဘွင်းဘွင်းပြောရန် ခက်သည့်အသွင်ဖြင့် ရှေ့မှ လိမ္မော်ရည်ခွက်ကို ဂွက်ကနဲ ကောက်မော့သည်။
" တော်ပြီ ငါ မပြောသေးဘူး နင်သေချာ ပြန်စဉ်းစား ငါခရီးပန်းတယ် နားတော့မယ် "
" အင်းပါ လာ နင်နားရမယ့် အခန်းကိုလိုက်ပြမယ် "
ရှေးဝသုန်မှာ မြသက်ခြယ်အတွက် ပြင်ထားပေးသော အခန်းသို့လိုက်ပြလိုက်သည်။
မြသက်ခြယ် အနားယူပြီးနောက် နေ့လည်စာပြင်ဆင်ရန် အိမ်နောက်ဘက်သို့ ဝင်ခဲ့သည်။
ယခုဆိုလျှင် ရှေးဝသုန်နှင့် ဘုန်းရှိန်ဝါ မင်္ဂလာအလှူပြုလုပ်ပြီးနောက် အတူနေခဲ့သည်မှာ ၂လကျော် ၃လထဲသို့ဆိုက်ရောက်နေပြီဖြစ်သည်။ အတူနိုးထလာသည့်မနက်ခင်းနှင့် အတူအိပ်ယာဝင်ရသည့် ညများစွာ လွန်ခဲ့သော်လည်း နှစ်ဦး၏ ပတ်သက်မှုမှာ ထွေးပွေ့ကာ လက်ကိုင်ပါးနမ်းသည့် အဆင့်မှ မတက်သေး။