16
1.2K 163 4
Zawgyi #
နေ့လည်စားချိန်ပြီးနောက် ရှေးဝသုန်ရော ၊ ဘုန်းရှိန်ဝါပါ အလုပ်ကိုယ်စီရှုပ်ကာ စာရွက်ပုံထဲ ခေါင်းစိုက်နေရသဖြင့် စကားမပြောဖြစ်ကြပေ။ ဘာသာပြန်ရေးကိစ္စကိုသာ အာရုံရောက်နေသည်မို့ ညနေရုံးဆင်းချိန်ရောက်မှန်းမသိရောက်လို့သွား၏ ။ ဆာလောင်ကာ တဂွီဂွီမြည်လာသော ဗိုက်ကြောင့် ရှေးဝသုန်အချိန်ကို ကြည့်သော် နာရီလက်တံသည် ၆နာရီခွဲသို့ ညွှန်ပြနေလေသည်။
" ကိုဝသုန် ဒီနေ့တော့ ဒီလောက်နဲ့ဘဲ ရပ်လိုက်ရအောင် ပြန်လို့ရပါပြီ "
ဘုန်းရှိန်ဝါသည် သူ၏ စားပွဲပေါ်မှ စာအုပ်များကို ရှင်းနေရင်းမှ ပြောလာ၏။
" ဟုတ်ကဲ့ပါ ဆရာ "
အလုပ်ဇောကပ်နေသည်မို့ အိမ်မှလူကြီးများကို ဖုန်းဆက်အကြောင်းကြားရန် ရှေးဝသုန်မေ့နေလေသည်။ ဖုန်းကိုကြည့်သော် အလုပ်ချိန်အနှောင့်အယှက်ဖြစ်မည်စိုးသောကြောင့် ဖြစ်နေသဖြင့် ဘဘဖေလေးမြိုင် နှင့် အရီးသုန်ခေါ်ထားသော missed call များမှာ မြောက်မြားစွာ ရှိလေသည်။
" ဟာ....ဒုက္ခပါဘဲ "
ဘုန်းရှိန်ဝါသည် အလုပ်များလက်စဖြတ်ပြီးနောက် ကွန်ပြူတာကို ပါဝါပိတ်နေရာမှ ရှေးဝသုန်၏ မျက်နှာကို အကဲခတ်နေမိသည်။ ဖုန်းကိုကြည့်ကာ ယောက်ယက်ခတ်ပုံပေါ်နေသော ရှေးဝသုန်ရှိရာဆီ ဘုန်းရှိန်ဝါ လျှောက်သွားလိုက်၏ ။
" ကိုဝသုန် ဘာဖြစ်တာလဲ "
" အဲ ...ဟို..ဟိုလေ... ဘာမှမဖြစ်ပါဘူး "
မတိမကျနှင့် ကွယ်ဝှက်နေသော ရှေးဝသုန်စကားကြောင့် ဘုန်းရှိန်ဝါ၏ မျက်ခုံးနက်နက်တစ်စုံသည် တွန့်ချိုးသွားလေသည်။
" ကျွန်တော်စွက်ဖက်ပိုင်ခွင့်မရှိတဲ့ ကိစ္စမျိုးမို့လို့လား ဒါဆိုရင်တော့ ဆောရီးပါ "
မပြောသင့်မှန်းသိပါလျှက် နှင့် နေ့လည်က သင်တန်းသားဆီမှ ကြားထားရသော ကိစ္စများကြောင့် ဘုန်းရှိန်ဝါသည် စိတ်အကဲဆတ်ကာ လေသံကို ဖိပြောမိလိုက်သည်။ ကြမ်းကျွံက နှုတ်လို့ရ၏ ၊ စကားကျွံက နှုတ်မရ ဆိုသည့်အတိုင်း ရှေးဝသုန်သည် အထွေအထူးကိစ္စမရှိပါဘဲ ဒေါသသံဖြင့်ပြောလိုက်သော ဘုန်းရှိန်ဝါကြောင့် အလိုလိုပင် စိတ်အားငယ်မိသွားသည်။