38
1K 143 6
Zawgyi #
လမ်းဘေးပလက်ဖောင်းနားတွင် ကားပါကင်ထိုးလိုက်ပြီးနောက် ဘုန်းရှိန်ဝါသည် သူ၏ဘေးခုံမှ ရှေးဝသုန်ကို ပြုံးကာ ကြည့်လိုက်ပြီး
" ၀သုန် ကိုယ်နဲ့အတူ လိုက်ခဲ့ပေးလို့ ကျေးဇူးတင်ပါတယ် "
ကားနှင့် ခပ်လှမ်းလှမ်းရှိ လမ်းမပေါ်မှတွင်မူ ဆူညံသော ဒစ်စကို သီချင်းသံများမှာ အဆက်မပြတ်ထွက်ပေါ်နေသလို ၊ ပြိုးပြိုးပြက်ပြက် မီးရောင်များနှင့် လူပင်လယ်ကြီးကို ရှေးဝသုန် တွေ့လိုက်ရသည်။
ရှေးဝသုန်မှာ နှစ်စဉ် သီတင်းကျွတ် လပြည့်တိုင်း ဘဘဖေလေးမြိုင်နှင့်အတူ ဘုရားတက် ဆီမီးထွန်း ၊ ကုသိုလ်ယူသည်မှ လွဲပြီး ယခုလို ပွဲဈေးမျိုးသို့ ရောက်ခဲ့ခြင်းမရှိပေ။
ယနေ့ရှေးဝသုန် ဘုန်းရှိန်ဝါ မေးထားသည်ကို ဖြေရမည့်နေ့ဖြစ်လေသည်။ ဘယ်လိုဖြေရမည်မှန်း ဦးနှောက်ခြောက်နေစဉ် ဘုန်းရှိန်ဝါမှာ မိမိကို ဤပွဲတော်သို့ ခေါ်လာခဲ့သည်။ များပြားလှသော လူအုပ်ထဲသို့ မည်သို့ဖြတ်လျှောက်ရမည်ကို ရှေးဝသုန် မသိပေ။ ကားနားတွင်ရပ်ကာ ပွဲဈေးကို ကြည့်နေမိသည်။
" ၀သုန် ရေကျော်ပွဲဈေးကို ရောက်ဖူးလားဟင် "
" ခင်ဗျာ.. ကျွန်တော် မရောက်ဖူးဘူးခင်ဗျ ဆရာရော ...."
" အင်း ငယ်ငယ်ကတော့ တစ်ခါ နှစ်ခါ လာဖူးတယ်ဗျ ဒါနဲ့အလုပ်ဆင်းပြီလေဗျာ ဒီ ဆရာဆိုတာကြီးကခေါ်နေတုန်းဘဲလား ... ကိုဘုန်းရှိန်လို့ဘဲ ခေါ်ပါဗျာ ဆရာ ဆိုတာကြီးက ...."
" ဟုတ်ကဲ့ ကိုဘုန်းရှိန် လို့ဘဲခေါ်ပါ့မယ် "
ဆံပင်ထဲသို့ လက်ချောင်းများထိုးထည့်ကာ ဖွပြီး စိတ်ရှုပ်ဟန်ပြနေသော ဘုန်းရှိန်ဝါကျေနပ်အောင် ကိုဘုန်းရှိန် ဟု ရှေးဝသုန်ခေါ်လိုက်ပြီး ပြုံးပြလိုက်သည်။ နှုတ်ခမ်းအောက် အချိုင့်ရေးရေးလေးကို မြင်လိုက်ရသည့်အတွက် ဘုန်းရှိန်ဝါ ပျော်သွားပြီး
" စိတ်ပြေလက်ပျောက်ပေါ့ဗျာ ... ခရီးမထွက်မယ့်အတူတူ ပွဲဈေးလျှောက်ပြီး မုန့်စားတာပေါ့ ကျွန်တော်လည်း မရောက်တာကြာလို့ ..."