2
3.4K 323 26
Zawgyi #
သတို့သားဖြစ်သူ၏ မိဘနှစ်ပါးသည်လည်း တခြားခွဲစိတ်ခန်းရှေ့တွင် စိုးရိမ်စိတ်ကြီးစွာဖြင့် စောင့်နေသည်မှာ ၅ နာရီနီးပါးခန့်ကြာမြင့်နေပြီဖြစ်သည်။
" ဦး ..၊ အန်တီ ...."
" ဟင် သမီးလေး မဒီ .... သမီးရတီရော ..ဘာထူးသေးလဲ "
" အန်တီ .. ညီမလေးလေ ... ညီမလေးရတီလေ..."
ဒေါ်ပပသွယ်မှာ ငိုထားလွန်းသဖြင့်ဖောင်းအစ်နေသော မျက်နှာဖြင့် ခေတ်မဒီဆိုသော မိန်းမလှလေးလက်ကို ဆုပ်ကိုင်လိုက်လေသည်။
" ညီမလေးဆုံးပြီ အန်တီရဲ့ အဟီး........."
ခေတ်မဒီသည် ညီမဖြစ်သူ ဆုံးပြီဖြစ်ကြောင်းကို သတို့သား၏မိခင်ဖြစ်သူ ဒေါ်ပပသွယ်ကို ငိုယိုပြောပြီးနောက် မေ့လဲကျသွားလေတော့သည်။
" အမလေး ဘုရားဘုရား ကိုရေလုပ်ပါဦး သမီးလေးလဲကျသွားပြီ "
ခွဲခန်းအရှေ့တွင်စောင့်နေသော သတို့သားဖြစ်သူ၏ မိဘနှစ်ပါးနှင့် သူငယ်ချင်းများမှာ ခေတ်မဒီဆိုသည့် မိန်းမလှလေးကို ပွေ့ကာ နှာနပ်ယူသော်လည်း သတိမလည်လာသဖြင့် ဆရာဝန်ပြေးခေါ်သူ ၊ ရေပြေးယူသူနှင့် ဗျာများကုန်တော့သည်။ ထိုအချိန်တွင် ခွဲခန်းတံခါးပွင့်လာကာ
" လူနာ ဘုန်းရှိန်ဝါရဲ့အုပ်ထိန်းသူတွေများ ရှိပါသလားခင်ဗျာ "
" ဆရာ ကျွန်တော်က ဘုန်းရှိန်ဝါအဖေ ဘုန်းမြတ်ပါ သားလေးအခြေအနေဘယ်လိုရှိပါသလဲ ခင်ဗျာ "
" အသက်အန္တရာယ်ကို ကျော်လွှားနိုင်ပါပြီ လောလောဆယ်တော့ အရေးပေါ်စောင့်ကြည့်ခန်းမှာ ၃ရက်လောက်တော့ ထားရပါမယ် "
" ဟုတ်ကဲ့ ကျေးဇူးပါဆရာ "
သတို့သား၏မိဘနှစ်ပါးမှာ စိတ်သက်သာရာရသွားသော်လည်း သတို့သမီးလေး သွန်းရတီအတွက် များစွာ စိတ်မကောင်းဖြစ်ကြသည်။ ဟိုတယ်သို့ မင်္ဂလာချိန်မတိုင်မီရောက်နှင့် နေကြသော ဧည့်သည်များကို ဖြစ်စဉ်အကြောင်း ပြောကြားပြီး မင်္ဂလာအစား အမင်္ဂလာသို့ပြောင်းလဲသွားသော ချစ်သူနှစ်ဦး၏ဖြစ်ရပ်ကို မိဘဆွေမျိုးများရော ၊ သူငယ်ချင်း ၊ အသိုင်းအဝိုင်းများကပါ စိတ်မကောင်းကြပေ။