51
872 112 4
Zawgyi #
ဦးဘုန်းမြတ်မှာ ဖုန်းထဲမှ လွန်ခဲ့သော တစ်နှစ်ကျော်ခန့်က အလားတူဖြစ်ရပ်မျိုးကြောင့် စိတ်ညစ်ညူးနေမိသည်။ တစ်ဦးတည်းသော သားဖြစ်သူ ဘုန်းရှိန်ဝါကို နိုင်ငံခြားတွင် ပညာသင်စေချင်သော်လည်း မတော်တစ်ရာ မိန်းကလေး ၊ နိုင်ငံခြားသူများနှင့် မှားမည်စိုးသောကြောင့် မိမိမျက်စိအောက်တွင်သာထားပြီး ကျောင်းအဖွဲ့ဝင်အမှုဆောင်ဖြစ်လုပ်ခဲ့သော UK နှင့်ချိတ်ဆက်ထားသော ဒီပလိုမာကျောင်းတွင် ပညာသင်စေသည်။
အတန်းငယ်ဂျူနီယာ ကျောင်းသားတစ်ယောက်မှာ မိမိသားဖြစ်သူကို စိတ်ဝင်စားနေသော သတင်းကို ဦးဘုန်းမြတ် ကြားခဲ့ရပြီးနောက် အချိန်မလွန်ခင် စီးပွားရေးမိတ်ဖက်တစ်ဦးဖြစ်သူ ဦးထွန်းခိုင်သမီးအငယ်နှင့် လက်ဆက်ပေးရန် ဇနီး ဒေါ်ပပသွယ်နှင့် တိုင်ပင်ခဲ့သည်။ ထို့ကြောင့် သားဖြစ်သူကို ကျောင်းပြီးပြီးချင်း လက်ထပ်ရန်လောဆော်ပြီး မိဘစကားအမြဲနာခံသူ ဘုန်းရှိန်ဝါမှာလည်း မငြင်းဆိုဘဲ တစ်ကျောင်းတက်သော သွန်းရတီကို လက်ဆက်ရန် နာခံခဲ့၏။ သို့သော် ကံကြမ္မာအလှည့်အပြောင်းနှင့် လက်ဆက်မည့်နေ့တွင် ကားအက်ဆီးဒင့်ဖြစ်ကာ သွန်းရတီသေဆုံးပြီး သားဖြစ်သူ ဘုန်းရှိန်ဝါမှာ မှတ်ဉာဏ်တစ်ချို့ပျောက်ဆုံးကာ စိတ်အခြေအနေမှာ ကာလတစ်ခုကြာသည်အထိ ထိခိုက်ခဲ့သည်။
ယခင်ကဲ့သို့ ပြန်လည်တည်ငြိမ်လာသော ဘုန်းရှိန်ဝါမှာ မိမိကိုယ်ပိုင်ရည်ရွယ်ချက်ဖြင့် အလုပ်ခွဲကာ လုပ်ကိုင်ခဲ့သော ပရောဂျက်အောင်မြင်လာချိန်တွင် မထင်မှတ်ပါဘဲ လိင်တူချစ်သူတစ်ဦးရနေပြီဆိုသော သတင်းကို ကြားခဲ့ရပြန်သည်။ ထိုအရာမှာ မိမိမဖြစ်စေချင်ဆုံးသော ကိစ္စရပ်ဖြစ်ပြီး အလိမ္မာနှင့် ဖြေရှင်းရမည်ဖြစ်၏။ တစ်ဦးတည်းသောသားမို့ ဆင်စီးကာမြင်းရံစေချင်သည်မှာ မိမိသာမက ဇနီးဒေါ်ပပသွယ်မှာလည်း အလားတူပင်ဖြစ်သည်။
ဦးဘုန်းမြတ်မှာ အရေးကြီးသော အလုပ်ကိစ္စများပင် ကြည့်ရှုစစ်ဆေးနိုင်ခြင်းမရှိ ၊ သားဖြစ်သူ ဘုန်းရှိန်ဝါ၏ အခန်းသို့ထွက်လာလိုက်သည်။ လာမည့်နှစ်ဆန်းရက်တွင် ဘုန်းရှိန်ဝါ၏ သင်တန်းမှ သင်တန်းသားများမှာ နိုင်ငံခြားသို့ ထွက်ခွာရတော့မည်။ အလုပ်ထဲတွင် အချော်အချွတ်အတိမ်းအစောင်းဖြစ်၍မဖြစ် ၊ ထို့အတူ သားဖြစ်သူကိုလည်း မကြာခင် ကုမ္ပဏီ၏ Vice chair man ရာထူးကို ပေးအပ်ပြီး ရှယ်ယာဝင် ဒါရိုက်တာတစ်ယောက်၏ သမီးဖြစ်သူ ထူးချွန်သည့် ယွန်းမြတ်စံနှင့် လက်ဆက်ပေးဖို့ ဆုံးဖြတ်ပြီးဖြစ်သည်။ သားဖြစ်သူ ဘုန်းရှိန်ဝါ ပြောင်းလဲနေမှုများကိုကြည့်ပြီး ယွန်းမြတ်စံကြောင့်သာ ထင်နေမိခဲ့သည့် ဦးဘုန်းမြတ်မှာ ယွန်းမြတ်စံ၏ဖခင်ဖြစ်သူ ပြောလာသော စကားများကြောင့် ဒေါသဖြစ်မိသော်လည်း ထွက်သည့်အမျက်ကို စိတ်ထဲတွင် မြိုသိပ်ကာ ဇာတ်လမ်းအမြန်ဖြတ်ပစ်ရန် တေးထားလိုက်သည်။