12
1.4K 188 24
Zawgyi #
အရီးသုန်သည် မနက်စာပြင်ဆင်ပေးနေသော လင်းခက်သွင် နှင့် ရှေးဝသုန်၏ ပုံကိုမြင်ကာ အတိတ်မှ အကြောင်းအရာတစ်ချို့ကို ပြန်တွေးနေမိသည်။ တစ်ချိန်က လူနှစ်ဦးသည်လည်း ယခုကဲ့သို့ပင် ကြည်နူးစရာအခိုက်အတန့်တွေရှိသည်ကို မိမိကိုယ်တိုင် မြင်တွေ့ခဲ့ဖူးသည်။
ဘ၀ဆိုတာ ခန့်မှန်းလို့မရတဲ့အရာတွေ မဟုတ်ပါလား ၊ ထိုလူသားနှစ်ဦး၏ အဆုံးသတ်မှာ ကြေကွဲစရာတွေ ဖြစ်ခဲ့ရသည်မို့ အရီးသုန်သည် ယခုမိမိရှေ့မှ လူငယ်လေးနှစ်ဦးကို ထိုကဲ့သို့အလားတူအဖြစ်မျိုး ထပ်မဖြစ်စေချင်တော့ပေ။ မိမိသည်လည်း ဤအိမ်ဂေဟာတွင် မှီခိုနေထိုင်ရသူ တစ်ယောက်ဖြစ်သည်မို့ မိမိတွင်လုပ်ပိုင်နိုင်ခွင့်မရှိ ၊ ဘေးမှသာ ဖေးမနိုင်သလောက် ဖေးမရုံသာရှိလေသည်။
အတိတ်ဆိုသောအရာသည် ပြင်မရသည့်အတွက်ကြောင့် ပစ္စပ္ပုန်တွင် ကျန်ရှိနေဆဲလူသားတို့ကို တတ်နိုင်သလောက်ကူညီပေးရင်း သူတို့လေးတွေ၏ အနာဂတ်အေးချမ်းစေချင်သည်မှာ အရီးသုန်၏တစ်ခုတည်းသော တောင်းဆုဆန္ဒဖြစ်လေသည်။
" ၀သုန်လေး မျက်နှာချောင်နေတယ် အလုပ်က ပင်ပန်းလို့လား "
လင်းခက်သွင်သည် ပေါင်မုန့်မီးကင်တစ်ချပ်ကို ထောပတ်သုတ်နေရင်း ရှေးဝသုန်၏ မျက်နှာကို အကဲခတ်ကာ မေးလာလေသည်။ ရှေးဝသုန်မှာ မျက်လုံးဝိုင်းများဖြင့် မော့ကြည့်လာပြီး
" အလုပ်က မပင်ပန်းပါဘူး ကိုလေးရဲ့ မနေ့ညက စာဖတ်ရင်း အိပ်ရာဝင်တာနောက်ကျသွားလို့ပါ "
လင်းခက်သွင်သည် မျက်မှောင်တစ်ချက်တွန့်ချိုးလိုက်ရင်း
" ၀သုန်လေးရယ် နားရက်ဆိုပြီး စာကိုနောက်ကျတဲ့အထိမဖတ်ရဘူးလေ အိပ်ချိန်မှန်မှ ကျန်းမာရေးကောင်းမှာပေါ့ လူတစ်ယောက်က ပုံမှန် ၁၁နာရီမထိုးခင် အိပ်ရာဝင်သင့်တယ် လူက လန်းနေပေမဲ့ ကိုယ်တွင်းကလီစာတွေက တစ်နေ့လုံးမပြတ်အလုပ်လုပ်နေရတာ ၁၁နာရီကနေ ၃နာရီကြားက မဖြစ်မနေအိပ်ပေးသင့်တယ် အဲ့ဒီ့အချိန်က အသည်းတို့ ၊ အဆုတ်တို့အနားယူချိန် မအိပ်ဘဲ နေရင် အလုပ်ပိုပေးသလိုဖြစ်ပြီး ကိုယ်တွင်းကလီစာတွေက အဆိပ်တွေထုတ်တတ်တယ် ၀သုန်လေးရဲ့ "