48
951 111 0
Zawgyi #
ငပလီသို့ရောက်ခြင်း မည်သူမျှ မနားကြ ၊ တစ်နေကုန် လည်ပတ်ထားသည်ကတစ်ကြောင့် ၊ နောက်တစ်နေ့တွင် ဖိုးကုလားကျွန်းသို့ စက်လှေဖြင့်သွားကာ လည်ပတ်မည်ဖြစ်သောကြောင့် ညစာစားပြီးသည်နှင့် လျှောက်မသွားဘဲ အိပ်ရာစောစောဝင်ရန် မန်နေဂျာ ဦးကောင်းမြတ်က ညွှန်းကြားထားသည်။ သို့သော် စိုင်းဝဏ္ဏတို့ ယောကျာ်းလေး ၀န်ထမ်းတစ်စုမှာ ဟိုတယ် အခန်းရှေ့တွင် ဂီတာတီးကာ ဘီယာသောက်ရင်း သီချင်းဆိုနေကြသည်။ မြသက်ခြယ်မှာ ရှေးဝသုန်နှင့် ဘုန်းရှိန်ဝါတို့ကို ချောင်းချင်သော်လည်း တခြားလူတွေ့မည်စိုးသောကြောင့် ရှေးဝသုန်ကို ရင်းနှီးလိုသော အပျိုကြီး မစန္ဒာနှင့် သော်တာကို အနားမသွားစေရန် ကြံရွယ်ပြီး skin care ပေးမည်ဆိုကာ ညစာစားပြီးသည်နှင့် ပထုတ်ကာ အခန်းရှိရာသို့ ခေါ်သွားလေသည်။
ရှေးဝသုန်မှာ နေ့လည်ခင်းက အိပ်ထားခြင်းမရှိသဖြင့် မျက်လုံးများမှေးစင်းနေသော်လည်း တီဗီလိုင်းတွင် လွှင့်နေသော သရဲကားကို ထိုင်ကြည့်နေလေသည်။ အိမ်တွင် သရဲကားကြည့်လျှင် အရီးသုန်ဆူလေ့ရှိသဖြင့် ခရီးထွက်တုန်း သရဲကားကို အမိအရကြည့်ရခြင်းဖြစ်သည်။ ဘုန်းရှိန်ဝါမှာ ဘေးတွင် ထိုင်ကာ အဖော်ပြုပေးနေရသော်လည်း သရဲမအစား နေ့လည်ခင်းက မက်ခဲ့သော သွန်းရတီမျက်နှာကို ပြန်မြင်ယောင်နေသဖြင့် ဖုန်းမှ nf ကိုသာပွတ်နေသည် ။
အချိန်မှာ ၁၀နာရီကျော် ဆယ်မိနစ်စွန်းနေပြီ ဖြစ်သည်။ ဘုန်းရှိန်ဝါမှာ မျက်စိညောင်းသွားသဖြင့် ဖုန်းကိုချလိုက်ကာ ရှေးဝသုန်ကိုကြည့်သော် ပခုံးတစ်ဖက်ကို မှီပြီး အိပ်ပျော်နေသည်။ နှုတ်ခမ်းလေးပွင့်ဟကာ ၀င်သက်ထွက်သက် စည်းချက်မှန်မှန်ဖြင့် အိပ်မောကျနေသော ရှေးဝသုန်ကို ဘုန်းရှိန်ဝါသည် အသာပွေ့ချီကာ ကုတင်ပေါ်သို့တင်ကာ ရင်ဘတ်ထိလုံအောင် စောင်ကို ဆွဲခြုံပေးပြီး မျက်ခုံးတန်းနှစ်ခုကြားနေရာသို့ ဖိကပ်နမ်းရှိုက်ကာ အခန်းမီးများပိတ်လိုက်သည်။
အဝါရောင်ညအိပ်မီးလဲ့လဲ့မှာ အခန်းထဲတွင်ဖြာကျလျှက်ရှိလေ၏။ တအင်းအင်း ညည်းညူသံကြောင့် ဘုန်းရှိန်ဝါမှာ အိပ်နေရာမှ နိုးလာလေသည်။ တဖက်ကုတင်ပေါ်မှ ရှေးဝသုန်မှာ ခြုံထားသည့်စောင်လွတ်ကာ တုန်ယင်နေသော ကိုယ်နှင့် ညည်းနေလေသည်။