56
896 109 2
Zawgyi #
ဦးဘုန်းမြတ်မှာ အလုပ်မှ ပြန်ရောက်ရောက်ချင်း ဧည့်ခန်းထဲတွင် ထိုင်နေသော သားဖြစ်သူ ဘုန်းရှိန်ဝါကို တွေ့လိုက်သဖြင့်
" သား ဘယ်တုန်းက ပြန်ရောက်တာလဲ ဖေဖေလည်း မသိရပါလား အလုပ်ကိစ္စတွေရော အဆင်ပြေခဲ့ရဲ့လား "
" ပြေပါတယ် ဖေဖေ ...."
" အော် အစ်ကိုတောင် ရုံးကပြန်လာပြီလား သွယ် ညစာ ပြင်လိုက်ဦးမယ် "
မီးဖိုချောင်ထဲမှ ထွက်လာသော ဒေါ်ပပသွယ်သည် ခင်ပွန်းဖြစ်သူ၏ လက်ဆွဲအိတ်ကို ယူလိုက်ကာ ပြောလာလေသည်။
" ဖေဖေ ၊ မေမေ ခဏ ထိုင်ပါဦး သားပြောစရာရှိတယ် "
" သားရယ် မင်းမလည်းကွယ် ပြန်ရောက်ကတည်းက အ၀တ်အစားတောင်မလဲနိုင်ဘဲ ဘာဖြစ်နေတာလဲ မင်းအဖေကလည်း အခုမှ အလုပ်က ပြန်ရောက်လာတာလေ ..... ညစာ စားပြီးမှ အေးဆေးပြောရောပေါ့ "
ဆိုင်းမဆင့် ဘုံမဆင့် နိုင်ငံခြားမှ ပြန်ရောက်လာသော သားတော်မောင် ဘုန်းရှိန်ဝါသည် ဖခင်ဖြစ်သူကို ပြောစရာရှိသည်ဆိုပြီး ဧည့်ခန်းထဲတွင် ထိုင်စောင့်နေပြီမှာ ၁နာရီနီးပါးခန့်ရှိပြီမို့ ဒေါ်ပပသွယ်မှာ စကားစကို ဖြတ်ပြောလိုက်သည်။
" ဖေဖေ လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ဘာကြောင့် ၀သုန့်ကို အရှက်ခွဲခိုင်းရတာလည်း "
ထိုင်နေရာမှ ဝုန်းကနဲ မတ်တပ်ရပ်ကာ ပြောလိုက်သော ဘုန်းရှိန်ဝါ စကားကြောင့် ဒေါ်ပပသွယ်မှာ ကြောင်အမ်းသွားကာ
" သားရှိန်ဝါ မင်းအဖေကို ဘာတွေပြောနေတာလဲ "
" ဖေဖေ ဘာကြောင့် ၀သုန့်ကို အခုတစ်ခါလည်း အလုပ်အတင်းထွက်ခိုင်းရတာလဲ "
ဘုန်းရှိန်ဝါမှာ မိခင်ဖြစ်သူကို ပြန်မဖြေဘဲ သူ၏ စကားကိုသာ ရှေ့ဆက်ပြောလေသည်။
" ဘုန်းရှိန်ဝါ မင်းက ငါမွေးထားတဲ့သား ၊ ငါဘာလုပ်လုပ် မင်းကောင်းစားဖို့ဘဲ ၊ မင်းရဲ့ရှေ့ရေးအတွက်ဘဲကွ"
" ကျွန်တော့်ကို ဟိုလိုလုပ်ပါ ၊ ဒီလိုလုပ်ပါဆိုပြီး ချုပ်နှောင်တာတွေ ရပ်ပါတော့ ကျွန်တော့်ရဲ့ ရှေ့ရေးကို စွက်ဖက်နေတာတွေ ရပ်လိုက်ပါတော့ "