Extra 1
1.5K 96 4
Zawgyi #
အရီးသုန်သည် မိမိရှေ့မှ လူငယ်တောင်းဆိုသည်ကို မည်သို့မှ ငြင်းနိုင်စွမ်းမရှိပေ ။ လူငယ်နှစ်ယောက်၏ တစ်ဦးအပေါ်တစ်ဦးထားသည့် မေတ္တာသံယောဇဉ်ကို သိပြီးဖြစ်သလို ၊ မိမိသည် အသက်ကြီးပြီဖြစ်သည် ရှေးဝသုန်ကို ဆက်လက်စောင့်ရှောက်နိုင်လည်း အလွန်ဆုံးရှိ ဆယ်နှစ် ၊ ဆယ့်ငါးနှစ်ခန့်သာဖြစ်သည်။ မိမိ၏ တူလေးရှေးဝသုန်ကို လောကကြီးထဲတွင် တစ်ယောက်တည်း အထီးကျန်စွာ မကျန်ခဲ့စေလို ၊ မွေးကတည်းက မေတ္တာငတ်ခဲ့ရသူ ရှေးဝသုန်လေးကို ပုံကာချစ်ပေးမည့် လူတစ်ယောက်လက်ထဲသို့ ထည့်ပေးချင်သည်။ ထို့ကြောင့်လည်း ရန်ကုန်ရှိ မောင်ဖြစ်သူ၏ သူငယ်ချင်း ဘကြီးဖေလေးမြိုင်နှင့်လည်း တိုင်ပင်ပြီးဖြစ်၏။
" သား.... အရီးကို တစ်ခုကတိပေးနိုင်မလား "
" ဟုတ်ကဲ့ "
" ၀သုန်လေးကို ဘယ်လိုအခြေအနေမျိုးမှာမဆို မထားခဲ့ဖို့ရယ် ၊ တစ်သက်လုံး စိတ်ချမ်းသာအောင် ထားပေးနိုင်မလား "
" ကျွန်တော် ကတိတည်နိုင်ပါတယ် "
အရီးသုန်သည် မျက်ရည်ဝဲသော မျက်ဝန်းများဖြင့် ဘုန်းရှိန်ဝါကို ကြည့်လိုက်ပြီး
" အရီး ခွင့်ပြုပါတယ် ...... "
" ကျေးဇူးတင်ပါတယ် အရီး...... "
ဘုန်းရှိန်ဝါ၏ မျက်နှာသည်လည်း ပျော်ရွှင်သော အပြုံးဖြင့် တောက်ပနေသည်။
" ဘာတွေ စကားကောင်းနေကြတာလဲ ကျွန်တော့်ကိုလည်း ပြောပါဦး "
စာသင်ချိန်ပြီးသွားသဖြင့် ကျောင်းသားများကို ပြန်လွှတ်ကာ ဧည့်ခန်းထဲသို့ရောက်လာသော ရှေးဝသုန်မှာ ဘုန်းရှိန်ဝါ၏ ဘေးခုံတွင် ၀င်ထိုင်လိုက်သည်။
" အာ..ဒီလိုလေ ..ညနေကျရင် တောင်ပေါ်က ရွှေဘုန်းပွင့် ဘုရားဖူးရင်း view point သွားမလို့ အဲ့အကြောင်းပြောနေတာပါ "
" အော်..... "
" သားတို့ဘဲ သွားကြပါကွယ် .... အရီးကတော့ ညစာပြင်ရဦးမယ် အခုတလော အေးတော့ ခြေထောက်က လေးဘက်နာကြောင့်လားမသိပါဘူးကွယ် ကိုက်ကိုက်နေလို့ အရီး အိမ်မှာဘဲနေခဲ့မယ်