31
1.1K 159 2
Zawgyi #
နာမည်ကြီး ကုမ္ပဏီမို့ တက်ရောက်ကြသူများမှာ စီးပွားရေးအလွှာအသီးသီးမှ လုပ်ငန်းရှင် ၊ မန်နေဂျာများပါသလို အသင်းအဖွဲ့များမှ လူကြီးပိုင်းများနှင့် အနုပညာအသိုင်းအဝိုင်းအချို့ ၊ အုပ်ချုပ်ရေးပိုင်းမှ လူကြီးများပါတက်ရောက်သည့် အခမ်းအနားတစ်ခုဖြစ်လေသည်။ ကုမ္ပဏီ၏ မြန်မာကိုယ်စားလှယ် အမှုဆောင်ချုပ် မစ္စတာ တနခမှာ ကုမ္ပဏီနှစ်ပတ်လည် အမှာစကားပြောကြားပြီးနောက် တက်ရောက်သည့် ဧည့်သည်များကို အစားအသောက်များဖြင့် တည်ခင်းဧည့်ခံခြင်းကို စတင်သည်။ ဟိုတယ်မြက်ခင်းပြင်ပေါ်တွင် စားပွဲရှည်များဖြင့် ခင်ကျင်းထားသော အာရှနှင့် ဥရောပ အစားအသောက်များမှာ ကိုယ်တိုင်ယူ ဘူဖေးစနစ်ဖြစ်ကာ အုပ်ချုပ်ရေးပိုင်းနှင့် အသင်းအဖွဲ့၏ လူကြီးပိုင်းများမှာမူ V.I.P စားပွဲဝိုင်းသီးသန့်တွင် ညစာစားနေကြသည်။
ကျန်ရှိသော ဧည့်သည်များအတွက်မူ မြက်ခင်းပြင်တစ်ဖက်ခြမ်းတွင် မတ်တပ်ရပ်စားပွဲအဝိုင်းရှည်ရှည်များ ထားပေးကာ ၊ beer ၊ soft drink ၊ wine အရက်များကို free flow ထားပေးသော ဘားကောင်တာများလည်း ရှိလေသည်။ တက်ရောက်လာသော စီးပွားရေးလုပ်ငန်းရှင်များမှာ အစားအသောက်များအလျှံအပယ် တည်ခင်းထားသော်လည်း ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်များဖြစ်သည်မို့ ဟန်ကိုယ်ဖို့နေကာ တို့ကနန်း ဆိတ်ကနန်းသာ စားနေကြပြီး ရှန်ပိန် ၊ ဝိုင်ခွက်ကိုယ်စီဖြင့် နှုတ်ဆက်စကားပြောနေသည်က များလေသည်။ သည်။ ဟိုတယ်မြက်ခင်းပြင်တွင် တည်ခင်းဧည့်ခံသည်ဖြစ်ရာ ရှေးဝသုန်မှာ တစ်နေရာပြီးတစ်နေရာ ဘုန်းရှိန်ဝါ မိတ်ဆက်ပေးသမျှလူများကို အထိုက်သင့်ပြုံးပြပြီး နှုတ်ဆက်နေရသော်လည်း စိတ်အိုက်လို့လာသည်။
ဘုန်းရှိန်ဝါမှာ ဖခင်ဦးဘုန်းမြတ်၏ မိတ်ဆွေများဖြင့် နှုတ်ဆက်စကားပြောနေသည်မှာ မပြတ်သဖြင့် ရှေးဝသုန်ကို အရင်စားနှင့်ဖို့ အရိပ်အကဲပြလိုက်သည်။ ခွင့်ပြုချက်ရသည်နှင့် ရှေးဝသုန်မှာ ဘုန်းရှိန်ဝါ အနားမှ အသာကလေးလစ်ထွက်လာကာ မုန့်များ ၊ ဟင်းများတည်ခင်းထားသော စားပွဲရှည်ဆီသို့လျှောက်လာမိသည်။ မျက်စိပသာဒဖြစ်အောင် အလှဆင်ထားသည့် စားသောက်ဖွယ်ရာမျိုးစုံမှာ တဂွီဂွီဖြင့် အချက်ပြလာသော ရှေးဝသုန်၏ အစာအိမ်ထဲမှ ပိုးများကို ထကြွသောင်းကျန်းစေလေသည်။ ပန်းကန်ပြားတစ်ချပ်တွင် စိတ်ကြိုက်ဟင်းများကို လိုက်ထည့်ကာ ၊ နောက်ထပ်တစ်ချပ်တွင် ရောင်စုံ ကိတ်မုန့်နှင့် အချိုတည်းရန် မုန့်များကို ထည့်လိုက်ပြီး မုန့်ပန်းကန် တစ်ချပ် ၊ ဟင်းပန်းကန်တစ်ချပ်ဖြင့် လူရှင်းသော စားပွဲတစ်ခုဆီသို့ သွားကာ ရှေးဝသုန် တစ်ယောက်တည်း စားနေလိုက်သည်။ ပြီးနောက် စားဖိုမှူးများကိုယ်တိုင်ပြင်ဆင်ပေးနေသည့် ဆူရှီနှင့် အသားကင်များ ဆက်စားရန်လည်း တွေးနေမိသည်။