20
1.2K 173 8
Zawgyi #
နေ့လည်စာထွက်မစားခင် ဘုန်းရှိန်ဝါမှာ ရှေးဝသုန်ပြင်ဆင်ထားပေးသော စာရွက်များ ၊ ဖိုင်တွဲများကြောင့်လည်းကောင်း ၊ မနက်ခင်းက ကော်ဖီအရသာကြောင့်လည်းကောင်း အတွေးဝဲဂယက်ထဲလည်လျှက်ရှိလေသည်။
ယခင်နေ့ကလည်း အစီရင်ခံစာလာထပ်တိုင်း အရေးကြီးသောနေရာများကို အဝါရောင် hight light pen ဖြင့်သေချာမှတ်သားထားခြင်း ၊ Stick note pad များဖြင့် သေချာစွာမှတ်သားထားသော အရာများကို တိုက်ဆိုင်သည်ဟုသာထင်မှတ်ထားပြီး ၀င်လာသောအတွေးများကို ဖျောက်ဖျက်ထားရသည်။ သို့ပေမဲ့ ကော်ဖီအရသာမှာတော့ တိုက်ဆိုင်သည်မဖြစ်နိုင်ပေ။
တိုက်ဆိုင်သည်ဆိုလျှင်လည်း အဘယ်ကြောင့် ဤသို့တစ်ထပ်တည်းတူအောင် ဖျော်နိုင်ရတာလဲ ၊ ဘုန်းရှိန်ဝါ၏ ရှေးဝသုန်အပေါ်တွင် စိတ်ဝင်စားမှုများသည် ပထမဦးစွာ ရှေးဝသုန်နှင့် အမေးအဖြေလုပ်သည့်အချိန်မှ စလျှင်ပိုမှန်ပေလိမ့်မည်။
ရှေးဝသုန်၏ အမူအကျင့် ၊ စကားများမှာ တစ်ချိန်က သွန်းရတီ ဘုန်းရှိန်ဝါကို ပြောခဲ့ဖူးသည့် စကားများ ၊ အပြုအမူများ အရာအားလုံးထပ်တူညီနေသည်မှာ ဘာကြောင့်များပါလဲ ။
********* ရှေးဝသုန် မင်းက ဘယ်သူလဲ ........တကယ်ကို ငါ့ကို အတွေးများစေတယ် ********
ဒေါက်...ဒေါက်.....
" ၀င်လာခဲ့ပါ "
တံခါးပွင့်လာသည်နှင့် မ၀ံ့မရဲဝင်လာသော ရှေးဝသုန်ကို မြင်လိုက်ရသည်နှင့် ဘုန်းရှိန်ဝါ အတွေးများပြတ်သွားသည်။
" ဆရာ ကျွန်တော်ရောက်ပါပြီ "
" ဟုတ် ကိုဝသုန် အလုပ်ပြန်စတာပေါ့ "
" ဟုတ်ကဲ့ "
နှစ်ယောက်သား စားပွဲတွင်ပြန်ထိုင်ကာ ဘုန်းရှိန်ဝါသည် အလုပ်ကိစ္စနှင့် ပတ်သက်သည်များကိုသာ စိတ်ထက်သန်စွာ ရှင်းပြနေလေသည်။ မျက်နှာမှာလည်း တည်ကြည်လျှက်ရှိနေပြီး ဆေးလာပေးတုန်းကနှင့် မတူသောကြောင့် ရှေးဝသုန် စိတ်ကူးအတွေးများ လွင့်သွားရတော့သည်။
******** ဟက်...ဟုတ်ပါတယ်လေ ...ကိုဘုန်းရှိန်က ငါ့အပေါ် လုပ်ငန်းရှင်တစ်ယောက်ထက် ဘာမှမပိုပါဘူးလေ ... သူအခုချိန်မှာ သူ့အမျိုးသမီးကြောင့်သာ စိတ်ထိခိုက်နေတာနေမှာ ငါ့လိုလူအပေါ်မှာ သူဌေးတစ်ယောက်က ၀န်ထမ်းတစ်ယောက်ကို ဂရုစိုက်ပေးတာဘဲနေမှာပါ ငါကိုက အတွေးများနေတာ ******