52
857 115 2
Zawgyi #
ရှေးဝသုန်မှာ သင်တန်းသားများ၏ နည်းပညာပိုင်းဆိုင်ရာ ရမှတ်များကို စာရင်းပြုကာ ဘုန်းရှိန်ဝါကို ပေးရန် ရုံးခန်းထဲမှ ထွက်လာခိုက် ဦးဘုန်းမြတ်နှင့် ဆုံလေသည်။ ရှေးဝသုန်မှာ ကိုယ်ကိုညွတ်ကာ နှုတ်ဆက်လိုက်သည်။
" ဦး မင်္ဂလာပါ မတွေ့ရတာ ကြာပြီနော် "
" အေးကွယ် မောင်ဝသုန် တို့တွေလည်း တစ်ရုံးတည်းဖြစ်ပြီး အခုတစ်လော မတွေ့ဖြစ်ကြဘူးနော့ "
" ဟုတ်ကဲ့ဗျ "
" ဒါနဲ့ မောင်ဝသုန် အချိန်အားရဲ့လား "
" ဟုတ်ကဲ့ ဒီဖိုင်လေးတွေကို ဆရာဆီပို့ပြီးရင် အချိန်ရပါတယ်ဗျ "
" အော် သားရှိန်ဝါဆီသွားမလို့လားကွဲ့ ရှိန်ဝါက ရုံးမတက်ဘူးလေ အရေးကြီးကိစ္စကြောင့် နိုင်ငံခြားကို ထွက်သွားတယ် လောလောဆယ် ဦးက သူ့အလုပ်တွေကို စီမံနေတာမို့ အဲ့ဖိုင်တွေ ဦးကိုပေးလိုက်"
" ဟုတ်ကဲ့ဗျ "
ရှေးဝသုန်မှာ လက်ထဲမှ ဖိုင်တွဲများကို ဦးဘုန်းမြတ်အား တရိုတသေ ကမ်းပေးလိုက်သည်။
" လာ မောင်ဝသုန် ဦးနဲ့ ခဏလိုက်ခဲ့ပါ "
" ဟုတ်ကဲ့ "
ဦးဘုန်းမြတ်မှာ ဖိုင်တွဲများကို ကိုင်ကာ ရှေ့မှ ဦးဆောင်ကာ ထွက်သွားလေသည်။
xxxxxxxxx
" သမီး နန္ဒာ ကော်ဖီဖျော်ခဲ့ပါကွယ် "
ရုံးခန်းအပြင်ဘက်ရှိ အတွင်းရေးမှူး နန္ဒာကို ဦးဘုန်းမြတ်မှာ ကော်ဖီအဖျော်ခိုင်းကာ ပထုတ်လိုက်သည်။ ဖိုင်တွဲများကို စားပွဲပေါ်တင်ပြီးနောက် ရှေးဝသုန်ကို ဆိုဖာတွင် ထိုင်စေကာ ဦးဘုန်းမြတ်မှာလည်း တစ်ဖက်ရှိ ဆိုဖာခုံတွင် ၀င်ထိုင်လိုက်၏။ ရှေးဝသုန်မှာ ဦးဘုန်းမြတ်၏ မျက်နှာကို အကဲခတ်ရခတ်နေကာ စိတ်ထဲတွင်လည်း နေလို့မကောင်းပေ။ ဦးဘုန်းမြတ်သည် အင်္ကျီအိပ်ကပ်ထဲမှ ဖုန်းကို ထုတ်ကာ တစ်စုံတစ်ခုကို ရှာဖွေပြီးနောက်
" ကဲ မောင်ဝသုန် ဒါကို ကြည့်ပါဦး "
မိမိရှေ့သို့တိုးကာ ပြလာသော ဖုန်းမျက်နှာပြင်ထက်ကို ရှေးဝသုန်ကြည့်လိုက်ချိန်တွင်