25
1.1K 162 8
Zawgyi #
" ခဏနော် ...toilet သွားမလို့ "
စားပွဲဝိုင်းတွင် ရှေးဝသုန် အနေရခက်လာသဖြင့် toilet သို့ ထလာလိုက်သည်။ ကျောင်းတုန်းက မြသက်ခြယ် ၊ တစ်ခြားသူငယ်ချင်း သုံးလေးယောက်နှင့် ကန်တင်းထိုင်ဖူးသည်မှလွဲပြီး မိတ်ဆုံစားပွဲများသို့ မသွားဖူးသော ရှေးဝသုန်သည် လူများများနှင့် နေရသည်ကို စိတ်အိုက်လို့နေသည်။ toilet မှ ပြန်အထွက် သင်တန်းသား နိုင်ဦးမှာလည်း toilet သို့ဝင်လာသည်။
" ဟာ ဆန်းဆေး ကျွန်တော်တို့ ကာရာအိုကေ သွားဆိုဦးမလို့ လိုက်ဦးမလား "
" ဗျာ.. အားလုံးစားလို့ပြီးကြပြီလားဗျ "
" ဟုတ် MD က သူဒကာခံမယ်ပြောထားတာ အမှန်ဆို ကျွန်တော်တို့တွေက ဆန်းဆေးကို ခေါ်လာတာလေ ဒါကြောင့်မို့ nijikai သွားကြတာပေါ့ ကျွန်တော်တို့ပေးပါ့မယ် "
( A/N nijikai ဆိုတာ ဂျပန်ဘာသာအရ စားပွဲတစ်ပွဲအပြီးမှာ နောက်ထပ်တစ်နေရာကိုထပ်သွားပြီး ကာရာအိုကေဆို ဘီယာသောက် ၊ ဒါမှမဟုတ် ကလပ်သွားတာကို ခေါ်တာပါ ဂျပန်လူမျိုးတွေရဲ့ အောင်ပွဲတစ်ခုအပြီး စားသောက်ပွဲတွေက တစ်နေရာပြီးတစ်နေရာ မိုးလင်းပေါက်ဆက်သွားတတ်ပြီး stress တွေကို ဖြေနည်းတစ်မျိုးပါ )
" အဲ...မဖြစ်ဘူးဗျ အိမ်ပြန်နောက်ကျရင် ကျွန်တော့်အတွက် အဆင်မပြေဘူးဗျ "
" ဟာဗျာ ဆန်းဆေးကလဲ လုပ်ပါဗျာ ..... လိုက်ခဲ့ပါ"
လက်ကိုဆွဲကာ ပြောလာသော သင်တန်းသား နိုင်ဦးကြောင့် ရှေးဝသုန် လန့်သွားလေ၏။
" ဘာတွေဖြစ်နေတာလဲ "
နောက်ပါးဆီမှ အသံကြောင့် နိုင်ဦးရော ၊ ရှေးဝသုန်ပါ လှည့်ကြည့်ခိုက် ဘုန်းရှိန်ဝါ၏ အေးစက်သောအကြည့်တို့က ရှေးဝသုန်၏လက်ကောက်ဝတ်ပေါ်တွင် ရှိလေသည်။
" အာ... ကျွန်တော်က nijikai သွားဖို့ ဆန်းဆေးကို ခေါ်နေတာပါ "
" အော်..... "
လက်ပိုက်ကာ အနားသို့ လျှောက်လာသော ဘုန်းရှိန်ဝါကြောင့် နိုင်ဦးမှာ နောက်သို့ အလိုလို ကိုယ်ကို ယို့လိုက်မိသည်။ ဖြတ်ကနဲ ပခုံးသေးသေးပေါ်သို့ရောက်လာသော လက်တစ်ဖက်နှင့်အတူ အရှိန်ဖြင့်ဆွဲခံလိုက်ရသောကြောင့် ရှေးဝသုန်၏ ကိုယ်မှာ ဘုန်းရှိန်ဝါ ရင်ခွင်ထဲရောက်လုမတတ်ဖြစ်လို့သွား၏။