22
1.1K 158 4
Zawgyi #
ကျောင်းသားစာရင်းနှင့် ကိုယ်ရေးအချက်အလက်များကို မြသက်ခြယ်စစ်နေလေသည်။ ဤနေ့အပြီးစစ်ပြီး ဘုန်းရှိန်ဝါ ပြန်လာလျှင် ပြနိုင်ပါမှ အဆင်ပြေလိမ့်မည်။ ကျောင်းသားအယောက်၃၀ကျော်ရှိသည့်အနက် ပထမဆုံး ၁၀ယောက်ကို အင်တာဗျူးအောင်လျှင် ဗီယက်နမ်ကုမ္ပဏီခွဲကို စတင်လွှတ်မည်။ လိုလေးသေးမရှိပြင်ထားကာမှ ဘုန်းရှိန်ဝါ၏ အပြောအဆိုက လွှတ်မည်မို့ မြသက်ခြယ် အာရုံစူးစိုက်နေမိသည်။
" မမသက်ခြယ်ရေ ....."
" ဟယ် သော်တာ လာလေ.... "
အခန်းတံခါးဝတွင် ခေါင်းပြူကာ နာမည်ခေါ်လာသော reception မှ သော်တာမှာ မြသက်ခြယ်ကို ပြုံးလျှက်ကြည့်နေလေသည်။
" ဟိုလေ... မမ အထဲတော့ မ၀င်တော့ဘူး reception က waiting room မှာလေ ဆရာ ဘုန်းရှိန်ဝါနဲ့တွေ့ချင်တယ်ဆိုပြီး ဧည့်သည်တစ်ယောက် ရောက်နေလို့ အဲတာ မမကို လာခေါ်တာ "
" အော် ဒါများ သော်တာရယ် ဖုန်းလှမ်းဆက်လိုက်တာ မဟုတ်ဖူး "
" မမစန္ဒာဆီ ဒီquotationတွေလည်းသွားပို့ရမှာမို့ လမ်းကြုံတာနဲ့ဝင်ပြောတာ သွားပြီနော် မမ "
" အေး....အေး..... "
// အလုပ်ရှုပ်ပါတယ်ဆိုမှ ဘယ်က ဧည့်သည်က ရောက်လာရတာလဲမသိ ဆရာလည်း ငါ့ကိုဘာမှ အထွေအထူးမှာတာတာလဲမဟုတ် .... ပြောတာကြာပါတယ် သွားတွေ့ဦးမှပါ //
မြသက်ခြယ် ပွစိပွစိရေရွတ်ပြီး ကောင်တာဘက်သို့ ထွက်လာခဲ့သည်။ ဧည့်သည်များထိုင်စောင့်ရန် ဧည့်ခန်းထဲတွင် ပိုးရုံသား အနီရောင် မြန်မာဝမ်းဆက်နှင့် အမျိုးသမီးတစ်ယောက် သတင်းစာဖတ်ရင်းထိုင်နေသည်ကို တွေ့လိုက်ရသည်။
" ဟို...ဒီက...ဘယ်သူများလဲရှင့် ဆရာဘုန်းရှိန်ဝါက အစည်းအဝေးကိစ္စနဲ့ အပြင်သွားပါတယ် "
မြသက်ခြယ်ကို ထိုင်နေရာမှ ကျော့ကျော့ကလေးမော့ကာ ကြည့်လာသော အမျိုးသမီးမှာ အမျိုးသမီးချင်းပင် ငေးမောရလောက်အောင် ချောလွန်းလှသည်။
" ဒါနဲ့ ညီမက .... "
မေးသည်ကို မဖြေဘဲ အမေးပြန်ထုတ်လာသော ထိုအမျိုးသမီး၏ မျက်ဝန်းများမှာ စူးရဲလွန်းလှသောကြောင့် မြသက်ခြယ် တွန့်ကနဲဖြစ်သွား၏။