3
2.7K 292 24
Zawgyi #
တစ်နှစ်ကျော်နီးပါးခန့်ရှိနေပြီဖြစ်သော်လည်း စိတ်ဒဏ်ရာက နှလုံးသားတွင် ခပ်နက်နက်ကျန်သေး၏။ ထိုဒဏ်ရာကို ပျောက်ရန် အလုပ်ထဲတွင်သာ ဘုန်းရှိန်ဝါ စိတ်နှစ်ထားသည်။ နေပြန်ကောင်းလာကတည်းက စိတ်ညစ်စရာများပြန်မစဉ်းစားချင်သောကြောင့် အလုပ်ပြီးအလုပ်သာဖြစ်နေသည်။ ယခုလည်း သူငယ်ချင်းဖြစ်သူနှင့် စိတ်ပြေရာပြေကြောင်း စကားစမြည်ပြောရန် ဂျူတီထွက်ချိန်ကိုမှန်းပြီး ဆေးရုံသို့လာခြင်းဖြစ်၏။
ရှေးခေတ် အင်္ဂလိပ်များကြီးစိုးစဉ်လက်ထက်က ဆောက်လုပ်ထားသော အဆောက်အဦးကြီးသည် ခန့်ခန့်ထည်ထည်ရှိနေသေးသော်လည်း အချို့နေရာများကိုမူ ပြန်လည်ပြင်ဆင်ထားသဖြင့် ယခုခေတ်လက်ရာများဖြစ်နေသည်။ ဘုန်းရှိန်ဝါမှာ ဆေးရုံကြီးထဲသို့ မဝင်ချင်သဖြင့် အပြင်ဘက် ကားပါကင်တွင် ကားကိုမှီပြီး သူငယ်ချင်းဖြစ်သူကို စောင့်နေမိသည်။ စောင့်နေချိန်မှာ တစ်နာရီနီးပါးခန့်ရှိနေပြီး ကုမ္ပဏီတွင် ဖြစ်တည်လာသော ဒေါသတို့က မပြေလျော့သေး ၊ သွားလာနေသော လူများကို ငေးကြည့်နေပြီး ထွက်မလာသေးသော သူငယ်ချင်းဖြစ်သူကို စိတ်ပိုတိုလာသဖြင့် ကောင်းမြတ်မှူးတာဝန်ကျနေရာ နှလုံး အဆောင်သို့လိုက်ခေါ်ရန် အဆောက်အဦးတွင်းသို့ ဝင်လာမိသည်။
အင့် ....
ပြိုလဲကျသွားသော ကိုယ်လေးတစ်ခုသည် ကြမ်းပြင်ပေါ်တွင် ပုံရက်သားလေး ၊ တော်တော်နှင့် မထလာနိုင်သေးသော အနှီကိုယ်သေးသေးလေးကို ဘုန်းရှိန်ဝါ စိတ်မရှည်စွာဖြင့် ဆွဲထူရန် လှမ်းကိုင်လိုက်စဉ် မော့ကြည့်လာသော မျက်လုံးဝိုင်းဝိုင်းနှင့် ကောင်လေး၏ မျက်တောင်စိပ်စိပ်ကလေးကိုတွေ့လိုက်ရသည်။ သွယ်သွယ်တန်းတန်းနှင့် မထူမပါးရှိနေသော မျက်ခုံးအောက်တွင် ဝန်းဝန်းဝိုင်းဝိုင်း မျက်လုံးမှာနေရာယူသည်။ ထူးခြားသည်မှာ မိမိကဲ့သို့ပင် ထိုကောင်လေး၏ မျက်ဝန်းအရောင်မှာ အညိုရောင်ဖြစ်လေသည်။ သို့သော် မိမိကဲ့သို့စူးရှကာ ရင့်သောအညိုမဟုတ် ရီဝေဖျော့တော့ကာ ဆွဲဆောင်မှုရှိသော မျက်ဝန်းညိုဖြစ်၏။