57
918 113 3
Zawgyi  #
( ဤ chapter တွင် ပါဝင်သည့် စာလုံးများ ရိုင်းပြသွားခဲ့သည် ရှိလျှင် ခွင့်လွှတ်ပါ)
Time back last year
ပညာသင်ဆုကို လျှောက်ပြီး သြစတတြေးလျတွင် ထိပ်ထားဝတီ ကျောင်းတက်လာခဲ့သည်မှာ တစ်နှစ်ကျော်ပင် ပြည့်ရော့မည်။ ရောက်ကတည်းအခက်အခဲမျိုးစုံရင်ဆိုင်ခဲ့ရသည့်တိုင် တစ်ခန်းတည်း အတန်းဖော်လည်းဖြစ် ၊ အဆောင်အတူနေသူငယ်ချင်း ခေတ်မဒီကြောင့် ထိပ်ထားဝတီမှာ အရာရာအဆင်ပြေပြေဖြစ်ခဲ့ရသည်။ ဇင်ယော်တောင်မျက်ခုံး ၊ စိုရွှန်းသောမျက်လုံးနှင့် ကကြီးပုံနှုတ်ခမ်းတို့ဖြင့် မိန်းမဆန်စွာ လှပသော်လည်း ၊ ကပိုကရို တီရှပ် ၊ ဂျင်းဘောင်းဘီသာဝတ်ဆင်တတ်သော ခေတ်မဒီသည် ကျောလည်ထိရှည်သော ဆံပင်ကိုလည်း ဖြစ်သလို စုချည်တတ်ကာ ၊ တစ်ခါတစ်ရံတွင်လည်း ဦးခေါင်းထိပ်တွင် လိမ်ခေါက်ကာ ထုံးထားတတ်သေး၏။
နှစ်ဦးစလုံး ကျောင်းတစ်ဖက် ၊ အချိန်ပိုင်းအလုပ်တစ်ဖက်ဖြင့် နားချိန်မရသော တက္ကသိုလ်ကျောင်းသူဘ၀မှာပင် အရင်းနှီးဆုံး သူငယ်ချင်းများဖြစ်ခဲ့သည်။ အနောက်တိုင်းသား လူဖြူများကြား အာရှနိုင်ငံသူများဖြစ်သည့် ခေတ်မဒီ နှင့် ထိပ်ထားဝတီသည် ဘယ်သွားသွား ၊ ဘာလုပ်လုပ် အမြဲတစ်တွဲတွဲလည်း ဖြစ်ခဲ့၏။ တစ်ခုသော နွေကျောင်းပိတ်ရက်မတိုင်မီ တက်ခဲ့သော ပါတီတစ်ခုမှ အစပြုကာ ထိပ်ထားဝတီနှင့် ခေတ်မဒီ၏ ဆက်ဆံရေးမှာ တစ်ဆစ်ချိုး ပြောင်းလဲလာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ ။
ထိုနေ့က ဒုတိယနှစ် နောက်ဆုံးစာမေးပွဲနေ့ဖြစ်သဖြင့် ကျောင်းသားများအားလုံးစုပြီး David ဟုခေါ်သော ကျောင်းသားတစ်ယောက်မှ ဦးစီးကာ ဘားတစ်ခုတွင် ပါတီကျင်းပကြသည်။ ခေတ်မဒီနှင့် ထိပ်ထားဝတီသည်လည်း ဦးနှောက်ဆေးသည့်အနေဖြင့် ပါတီပွဲတွင် အတူရှိနေခဲ့သည်။ မည်သူမျှမထင်မှတ်ထားသည်မှာ ထိုနေ့က သောက်စရာ အဖျော်ယမကာများထဲတွင် ဆေးခပ်ထားသည်ကို မသိခဲ့ကြခြင်းပေ။
ဖျော်ရည်တစ်ခွက်ကုန်အောင် သောက်ပြီးနောက် မူးနောက်ကာ တရိပ်ရိပ်ပြောင်းလဲလာသော စိတ်ခံစားချက်ကြောင့် ထိပ်ထားဝတီမှာ အိမ်သာဘက်သို့ ထွက်လာစဉ် လူတစ်ယောက်၏ ခေါ်ဆောင်မှုနောက်သို့ပါသွားရသည်။ ဝေဝါးနေသော အာရုံဖြင့် အိစက်သော မွေ့ယာတစ်ခုပေါ်တွင် ရှိနေသည် ၊ အ၀တ်အစားများ ချွတ်ခံရကာ ကိုယ်ခန္ဓာအနှံ့ ပွတ်သပ်မှုများကိုသာ သိနေပြီး တစ်ဖက်လူ၏ လွှမ်းမိုးမှုကို မတွန်းလှန်နိုင်ခြင်းမရှိ ။