Extra 4
1.1K 88 2
Zawgyi #
နေရောင်မှာ အခန်းထဲ ဖြန့်ကျက်ကာနေသည်။ ပူနွေးနွေးနေရောင်ကြောင့် ဘုန်းရှိန်ဝါမှာ နိုးနေသော်လည်း အိပ်ရာထဲမှ မထသေးပေ။ ဘေးတွင် မိမိ၏လက်မောင်းပေါ် ခေါင်းဦးကာ အိပ်ပျော်နေသော လူသား၏ မျက်နှာကို ငေးကြည့်လိုက်သည်။ မျက်နှာဝိုင်းဝိုင်း ၊ ပါးပြည့်ပြည့်နှင့် ထိုလူသားငယ်၏ ၀င်သက်ထွက်သက်တို့မှာ ဘုန်းရှိန်ဝါ၏ လည်ပင်းဆီသို့ ရိုက်ခတ်နေသည်။ ဆံပင်များထိုးထိုးထောင်ထောင်ဖြင့် ကြွက်သိုက်သဖွယ် ရှုပ်နေသော်လည်း ကြည်လင်နေသော မျက်နှာသည် ဘုန်းရှိန်ဝါအတွက် ချစ်စရာကောင်းနေသည်။
ဘုန်းရှိန်ဝါမှာ ရှေးဝသုန်၏ ဆံပင်နုနုလေးများကို နဖူးပေါ်သို့ သပ်တင်ပေးလိုက်ပြီး နဖူးအလယ်မှသည် လက်ညှိုးထိပ်လေးဖြင့် နှာဖျားထိပ်သို့ ပွတ်ဆွဲလိုက်ပြီး နှာခေါင်းလုံးလုံးကို ညစ်လိုက်သည်။ ထို့နောက် အိစက်စက် မို့တက်နေသောပါးစုံနှစ်ဖက်ကို အသာဖြစ်ညစ်ကြည့်ကာ အိမ်မက်လား ၊ တကယ်လားဟူ၍ပင် စမ်းကြည့်မိလိုက်သည်။ ဟိုကလိ ၊ ဒီကလိလုပ်နေသောကြောင့် ရှေးဝသုန်မျက်နှာ တစ်ချက်ရှုံ့မဲ့သွားကာ လူးလိမ့်ရင်း စောင်ကို မျက်နှာပေါ်သို့ဆွဲတင်ရင်း တစ်ဖက်သို့ ကျောပေးကာလှည့်သွား၏။
စောင်များပတ်ကာ အိပ်နေပုံမှာ ပိုးတုံးလုံးတစ်ကောင်နှင့် တူလှလေသည်။ ဘုန်းရှိန်ဝါမှာ ရှေးဝသုန်ကို မနှောင့်ယှက်တော့ပါဘဲ ကုတင်ပေါ်မှ အသာလျောဆင်းကာ ရေချိုးခန်းထဲသို့ ၀င်သွားကာ မျက်နှာသစ် ၊ သွားတိုက်ကာ ရေချိုးဖိုးရန် ပြင်တော့သည်။ အချိန်မှာ နံနက် ၈နာရီပင် ရှိနေပြီဖြစ်သည်။ ဟိုတယ်မှ dinning room မှာ နံနက် ၉နာရီ ပိတ်သည်ဟု မနေ့က reception မှ staff ပြောခဲ့သည်။ ခရီးပန်းနေသည့် ရှေးဝသုန်ကို မနှိုးတော့ဘဲ မနက်စာကို room service တောင်းရန် ဘုန်းရှိန်ဝါ စိတ်ကူးလိုက်သည်။
တရှဲရှဲမြည်နေသော ရေသံများကြောင့် ရှေးဝသုန်မှာ အိပ်နေရာမှ နိုးလာသည်။ ကုတင်နှင့် ရေချိုးခန်းမှာ ကပ်ရပ်ဖြစ်ကာ ဤ၁၀ပေပတ်လည် အခန်းတွင်းတွင်မို့ အသံများမှာ အကုန်အစုံကြားနေရသည်။