19
1.1K 166 24
Zawgyi #
လက်ကို ပတ်တီးစည်းပေးပြီးကတည်းက ကော်ဖီကိစ္စနှင့် ပတ်သက်ပြီး ဘာမှထပ်မပြောတော့သလို ၊ အလုပ်ထဲတွင် အာရုံနှစ်ထားသော်လည်း ဘုန်းရှိန်ဝါရော ၊ ရှေးဝသုန်ပါ အတွေးကိုယ်စီဖြင့် တိတ်ဆိတ်နေကြသည်။
" ဖူး....... ကဲ နည်းနည်းဘဲ ကျန်တော့တယ် နေ့လည်စာ စားတာပေါ့ ပြီးမှ စစ်စရာရှိတာ စစ်ပြီး လိုတာတွေ print ထုတ်ပြီး မနက်ဖြန်အတွက် ပြင်ကြတာပေါ့ "
" ဟုတ်ကဲ့ပါ ဆရာ "
စာအုပ်များကို ပိတ်သိမ်းကာ အခန်းသို့ ထမင်းစားရန် ရှေးဝသုန် ထွက်သွားလေသည်။ အခန်းထဲတွင် ကျန်ရစ်ခဲ့သော ဘုန်းရှိန်ဝါသည် ဆိုဖာခုံနောက်သို့ မှီလှဲလိုက်ကာ မနက်ခင်းပိုင်းက ကော်ဖီကိစ္စကို ပြန်လည် စဉ်းစားမိနေ၏။
******* ဒီအရသာ ...ငါကျောင်းတက်တုန်းက သွန်းရတီ လာပေးတတ်တဲ့ ကော်ဖီအရသာနဲ့တထပ်တည်းပါလား ဘာလို့ ရှေးဝသုန်က တထပ်တူနေအောင် ဖျော်တတ်နေရတာလဲ ဘာလဲကွာ ........... ********
ဘုန်းရှိန်ဝါ အတွေးတချို့ က အတိတ်ပုံရိပ်ဆီသို့ လွင့်စင်သွားလေသည်။
Xxxxxxxxxxxxxxxxxxxxx
ဘုန်းရှိန်ဝါ / ရှေးဝသုန် အတွေးများ
Good morning !
Have a nice school day >-<
Stick note pad အပြာရောင်လေးဖြင့်ရေးကာ ကပ်ထားသော ကော်ဖီဘူးလေးတစ်ဘူးသည် ဘုန်းရှိန်ဝါ အတန်းထဲသို့ရောက်တိုင်း ခုံပေါ်တွင် အမြဲတွေ့ရတတ်သည်။ အသင့်ဖျော်ထားသည် မဟုတ်ဘဲ ကိုယ်တိုင်ကိုယ်ကျ ကော်ဖီကို နှပ်ထားကာ သကြားနှင့်နို့ကို အချိုးကျစပ်ကာ ဖျော်ထားသည့် ခါးစိမ့်စိမ့်အရသာ ၊ အပူခံဘူးလေးဖြင့် ရောက်ရောက်နေသည်မှာ ရက်သတ္တပတ် နှစ်ပတ်ရှိသည်အထိ လာထားတတ်သည့် လူကို ဘုန်းရှိန်ဝါ မတွေ့ရသေးပေ။
ကျောင်းတွင် ဘုန်းရှိန်ဝါကို စိတ်ဝင်စားသည့် မိန်းကလေးများသည် ကိုယ်တိုင်ကိုယ်ကျ လက်ဆောင် ပစ္စည်းများလာပေးတတ်သော်လည်း ဘုန်းရှိန်ဝါလက်ခံခဲ့ဖူးခြင်း မရှိ။ ဤကော်ဖီကိုလည်း အစက စိတ်မ၀င်စားဘဲ သူငယ်ချင်းများကို ပေးမိသည်။ သို့သော် သူငယ်ချင်းကို ပေးလိုက်သည့်နောက်နေ့ဆိုလျှင် ခုံပေါ်တွင် မဟုတ်ဘဲ တစ်နည်းမဟုတ် တစ်နည်းဖြင့် ဘုန်းရှိန်ဝါ အိတ်ထဲ သို့မဟုတ် ကားတံခါးလက်ကိုင်တွင် တွေ့ရတတ်သည်။