21
1.1K 153 8
Zawgyi #
အိမ်ပြန်ရောက်သည်အထိ ဘုန်းရှိန်ဝါ စိတ်များမငြိမ်သက်နိုင် ၊ ရှေးဝသုန်နှင့် အတူရှိစဉ်လာရောက် နှုတ်ဆက်သော ခေတ်မဒီဆိုသည့် အမျိုးသမီးအကြောင်းကိုသာတွေးနေမိသည်။
******** သွန်းလေးပြောဖူးတဲ့ သူအမလား ဘာလို့ အခုမှ ငါ့ကို တကူးတက လာနှုတ်ဆက်တာလဲ ဘာတွေလဲကွာ...သူကရော ဘာအကြံနဲ့လဲ ဟူး........... ********
အိမ်ရောက်ကတည်းက အဖေနှင့် အမေကို နှုတ်ဆက်ကာ အိပ်ယာပေါ်ခြေပစ်လက်ပစ်လှဲနေပြီး စဉ်းစားခန်းဖွင့်နေမိသည်။ ရှေးဝသုန်နှင့် စကားပြောရန်သွားခဲ့သော်လည်း သိလိုသည့်အကြောင်းအရင်းကို မမေးရပါဘဲ အတွေးရှုပ်ကာ ပြန်လာရသည်။ ဒီနေ့လည်း ကုတင်ဘေးရှိ စားပွဲထဲတွင် သိမ်းထားသော မသောက်တာကြာပြီဖြစ်သည့် ဆေးတစ်လုံးကို ယူကာသောက်လိုက်ရင်း အိပ်ယာစောစောဝင်လိုက်၏။
xxxxxxxxxxxxxxxxxxx
" မဟုတ်ဖူး.... အဲ့လို မဟုတ်ဖူး........ "
" ၀သုန်လေး...၀သုန်လေး..... သတိထားလေ "
သောက်ရေဘူးထွက်ယူရင်း ရှေးဝသုန်အခန်းထဲမှ ဗလုံးဗထွေးအသံများကြားရသဖြင့် လင်းခက်သွင် ၀င်လာခဲ့ရာ အိမ်မက်ဆိုးများမက်ကာ ဘီလူးစီးသလိုဖြစ်နေသော ရှေးဝသုန်ကို အသာပွေ့ထူရင်း ပါးနှစ်ဖက်ကို သာသာကလေး ပုတ်ကာ အိမ်မက်မှနိုးအောင် နှိုးလိုက်သည်။
ဟင်..အင်း...................
ညည်းညူသံတစ်ချက်ပြုကာ မျက်တောင်တစ်ချက် နှစ်ချက်ပုတ်ခတ်ပြီး နိုးလာသော ရှေးဝသုန်သည် ချွေးများစိုရွှဲကာနေပြီး လင်းခက်သွင်ကို မော့ကြည့်နေလေသည်။
" ဟင် ကိုလေး.... "
" ၀သုန်လေး နိုးပြီလား အိမ်မက်ဆိုးတွေ မက်ပြန်ပြီ ရော့ ရေသောက်လိုက်ဦး "
ပွေ့ထားရင်းဖြင့် လင်းခက်သွင်မှာ ရေခွက်ကို ရှေးဝသုန် နှုတ်ခမ်းဝတွင်တေ့ပေးလိုက်သည်။
အာခေါင်များခြောက်ကပ်ကာ လည်ချောင်းတလျှောက်ပူလောင်နေသောကြောင့် ရေကိုဖြည်းဖြည်းချင်းသောက်လိုက်သဖြင့် အနည်းငယ်သက်သွားသလိုရှိပြီး ရှေးဝသုန် လင်းခက်သွင် ပွေ့ထားရာမှ ထထိုင်လိုက်သည်။