32
1K 160 2
Zawgyi #
ရှေးဝသုန် ဖုန်းဖြင့်အကြောင်းကြားထားသော်လည်း ၉နာရီထိုးသည့်တိုင် ပြန်မရောက်သေးသဖြင့် ဘကြီးဖေလေးမြိုင်မှာ စိတ်မဖြောင့်ဘဲ ဧည့်ခန်းထဲ ထိုင်စောင့်နေမိသည်။ ခြံရှေ့မှ ဆူညံသံများကြောင့် ဘကြီးဖေလေးမြိုင်မှာ တူဖြစ်သူ လင်းခက်သွင်မှာ ခရီးသွားခိုက်မို့အိမ်တွင် မရှိသဖြင့် အရီးသုန်ကိုခေါ်ပြီး ခြံရှေ့ထွက်ကြည့်ခိုက် ကားတစ်စီးရှေ့ ခပ်ချောချောလူငယ်တစ်ယောက်၏ ရင်ခွင်ထဲတွင် မေ့နေသော ရှေးဝသုန်ကို တွေ့လိုက်ရလေသည်။
" သား ၀သုန်.... "
အရီးသုန်မှာ ရှေးဝသုန်၏ အဖြစ်ကို မြင်ကာ ထိုလူငယ်ဆီသို့ ပြေးသွားလိုက်သည် ။
" မောင်ရင်က ဘယ်သူလဲဟင် သားဝသုန် ဘာဖြစ်တာလဲကွယ် စိတ်ပူလိုက်ရတာ "
ဘုန်းရှိန်ဝါမှာ ပိန်ပိန်ပါးပါးနှင့် အရီးသုန်ကိုလည်းကောင်း ၊ ခန့်သော ဘကြီးဖေလေးမြိုင်ကိုလည်းကောင်း ကြည့်ကာ
" ကျွန်တော့်နာမည်က ဘုန်းရှိန်ဝါပါ ရှေးဝသုန်ရဲ့အလုပ်က MD ပါ ဒီနေ့ ညစာစားပွဲသွားဖို့ ၀သုန့်ကို ကျွန်တော်ခေါ်သွားခဲ့တာပါ ၀သုန်က အရက်မသောက်တတ်ဘူးထင်ပါတယ် အချိုရည်နဲ့ အရက်ကို မှားသောက်ပြီး မူးနေတာပါ "
အန်ဖတ် ဗရပွဖြင့် ရှေးဝသုန်ကို ပွေ့ထားကာ ဘုန်းရှိန်ဝါ ရှင်းပြနေမိသည်။
" ကျေးဇူးတင်ပါတယ် မောင်ရင်ရယ် မသုန် ၀သုန့်ကို တွဲကူဦး "
လူကြီိးနှစ်ယောက်မှာ ရှေးဝသူန်ကို တစ်ယောက်တစ်ဖက် တွဲရန်ပြင်နေသောကြောင့်
" အာ... အန်ကယ်လ် ရပါတယ် ကျွန်တော်လိုက်ပို့ပါ့မယ် "
ဘုန်းရှိန်ဝါပြောပြီးသည်နှင့် ရှေးဝသုန်၏ ပိန်ပါးပါးကိုယ်လုံးလေးကို ကျောပေါ်တင်ကာ ပိုးလိုက်ပြီး ခြံထဲသို့လှမ်းဝင်လိုက်သည်။
" အားနာစရာတွေ ဖြစ်ကုန်ပြီ မောင်ရင် ... မသုန် ..သွားသွား လမ်းပြချေ ... မောင်ရင့်ကားကို ဦးခြံထဲသွင်းထားလိုက်ပါ့မယ် "
" ဟုတ်ကဲ့ "
ခြံထဲတွင် ခမ်းနားထည်ဝါသော တိုက်အိမ်ကြီးရှိရာသို့ မဟုတ်ဘဲ ကပ်ရက်ဆောက်ထားသော တိုက်ပုလေးဆီသို့ သွားနေသော အမျိုးသမီးကြီးနောက်သို့ ဘုန်းရှိန်ဝါ လိုက်ခဲ့သည်။ သပ်ရပ်ရိုးရှင်းသော အပြင်အဆင် တိုက်ပုလေးကို ဘုန်းရှိန်ဝါ ဝေ့ကြည့်လိုက်သည်။ နံရံပေါ်ရှိ ချိတ်ဆွဲထားသော ဓာတ်ပုံများကို ကြည့်ပြီး ဘုန်းရှိန်ဝါ အံ့အားသင့်မိသွား၏။