53
839 108 5
Zawgyi #
ဘန်ကောက်မြို့ ၊ အဆင့်မြင့်ဟိုတယ်ကြီးတစ်ခု၏ ၁၂ထပ်မြင့်သော အထပ်တစ်ထပ်ရှိ အခန်းတစ်ခုတွင်ဖြစ်လေသည်။ ကြည်လင်တောက်ပြောင်နေသော မှန်ချပ်ထူထူများမှတစ်ဆင့် ရောင်စုံမီးများ ထိန်ထိန်လင်းနေသော မြို့ပြ၏ ညရှုခင်းတစ်ခုကို မမှိတ်မသုန်ကြည့်ရင်း ဂဏာမငြိမ်ဖြစ်နေသော လူတစ်ယောက်ရှိလေသည်။ ဖုန်းကို အကြိမ်ကြိမ်ခေါ်ဆိုနေသော်လည်း တစ်ဖက်မှ စက်ပိတ်ထားပါသည် ဆိုသော အဖြေမှ ပိုထူးခြားလာသော တုံ့ပြန်မှု တစ်ခုမရှိသလို ဆိုရှယ်မီဒီယာရှိ facebook media မှ active now ဟူသော status တစ်ခု မီးစိမ်းမလာသည်မှာလည်း ယနေ့နှင့်ပါတွက်လျှင် သုံးရက်ကျော်နေပြီဖြစ်သည်။
အလျင်စလို ထွက်လာသဖြင့် ရှေးဝသုန်ဆီသို့ ဖုန်းမခေါ်နိုင်သဖြင့် ဘန်ကောက်ရောက်မှသာ messenger မှ စာပို့ထားသော်လည်း sent ဖြစ်ရုံဖြစ်ပြီး delivered မဖြစ်ခဲ့ပေ။ အလုပ်ကိစ္စတစ်ခုနှင့် ဖခင်ဖြစ်သူကိုယ်စား ဘန်ကောက်ရှိ အစည်းအဝေးသို့ တက်ရမည်ဆိုပြီး ထွက်လာရာမှ ညှိနှိုင်းစရာများရှိနေ၍ မပြန်ဖြစ်ခဲ့ပေ။ မထင်မှတ်ပါဘဲ မုန်တိုင်းဝင်ပြီး မိုးရွာကာ ရေကြီးရေလျှံကိစ္စများဖြစ်နေသောကြောင့် ပြန်ရမည့်ရက်အတိုင်း မပြန်ဖြစ်ဘဲ ဘန်ကောက်တွင် သောင်တင်ကာ ရှေးဝသုန်နှင့်လည်း ဆက်သွယ်မရသောကြောင့် ဘုန်းရှိန်ဝါ စိတ်ထဲတွင် တစ်ခုခုဖြစ်မည်ကို စိုးရိမ်နေမိသည်။
ရှေးဝသုန်ဆီသို့ direct phone call ကိုခေါ်သော်လည်း ဖုန်းဆက်မရ ၊ ဘကြီးဖေလေးမြိုင်ဆီသို့ ခေါ်ချင်သော်လည်း ဖုန်းနံပါတ်မှာ အလွတ်မရ ၊ Handphone မှာလည်း Sim Card လဲထားသဖြင့် နံပါတ်မရှိသောကြောင့် ညီမဖြစ်သူ မြသက်ခြယ်ထံ ဖုန်းခေါ်ကြည့်ဖို့ ဆုံးဖြတ်လိုက်ရသည် ။
" ဟဲလို အမိန့်ရှိပါရှင် "
" ဟဲလို....သက်ခြယ်လား "
" ဟုတ်ကဲ့ အဲ....ကိုဘုန်းလား..... "
ဘုန်းရှိန်ဝါမှာ မြသက်ခြယ်၏ အသံ အနိမ့်အမြင့်ကို နားထောင်လိုက်ရင်း အငွေ့အသက်အချို့ကို ခံစားမိလိုက်သောကြောင့်
" အေ ငါ ကိုဘုန်း ....သက်ခြယ် အခုနင် ငါနဲ့စကားပြောလို့အဆင်ပြေလား "