60
1.8K 126 6
Zawgyi #
" သား .... ဖေမြိုင်ကို ခွင့်လွှတ်ပေးပါနော် "
" အာ... ဖေမြိုင်ရယ် ဘယ်လိုပြောရတာလဲ ကျွန်တော်က အမြဲတမ်းဖေမြိုင့်သားတစ်ယောက်ပါ အခုလို ထွက်သွားရတယ်ဆိုတာကလည်း သား ကိုယ့်ဘာသာရပ်တည်နေနိုင်ပြီလေ ဒါဟာလည်း အမွေတွေရလို့ ပြောတာ မဟုတ်ပါဘူး သားကိုတစ်သက်လုံးစောင့်ရှောက်လာတဲ့ ဖေမြိုင့်ကိုလည်း ကျေးဇူးကန်းရတာ မဟုတ်ပါဘူး သား အလုပ်တစ်ခုတည်းဘဲ အာရုံထားချင်လို့ပါ "
" သားရယ် မထွက်သွားလည်းရတာကို ဒီမှာဘဲ ဆက်နေပေါ့ သားဖွားဖွားတို့လည်း အခုဆို အဖြစ်မှန်တွေ သိပြီဘဲ "
" မနေတော့ပါဘူး ဖေမြိုင်ရယ် ကိုလေး အကြောင်းကိုတွေးရင် သားအားနာတယ် ကိုလေးကိုလည်း ပြန်မချစ်နိုင်ဘူး သူအိမ်ကိုပြန်လာလို့ ကျွန်တော့်ကို တွေ့ရင် သူ့စိတ်ကို ပိုနှိပ်စက်သလိုဖြစ်မယ် ကိုလေးက ကျွန်တော့်ထက် ပိုသာတဲ့ လူနဲ့ဆုံမှာပါ "
" သား ၀သုန် ...ဒါဆို...မောင်ဘုန်းရှိန်ကရောကွယ် သူ့အတွက် မစဉ်းစားတော့ဘူးလား "
ရှေးဝသုန်မှာ အားယူကာ ပြုံးလျှက်
" ဖေမြိုင်ရယ် .... အချစ်ဆိုတာ ပိုင်ဆိုင်ရဖို့ဆိုတာထက် ရင်ထဲမှာချစ်နေရဖို့က အရေးကြီးပါတယ် ဘယ်လောက်ဘဲ ဝေးနေ ဝေးနေ စိတ်ထဲမှာ ရှိနေရင် နီးနီးလေးပါ ကိုဘုန်းရှိန်ရဲ့ မိဘတွေ ရင်ကိုခွဲပြီး သူ့ကို ကျွန်တော်လုယူလို့မဖြစ်ဘူးလေ ဖေမြိုင် ကိုဘုန်းရှိန်လာရင်လည်း သားဘယ်ကိုသွားတယ်ဆိုတာ မပြောပါနဲ့နော် "
ဘကြီးဖေလေးမြိုင်မှာ သားဖြစ်သူ ရှေးဝသုန်ကို မည်သို့ ဖြောင်းဖြရမည်မသိတော့သဖြင့် ပွေ့ဖက်ကာသာ အားပေးနှစ်သိမ့်လိုက်သည်။
ရှေးဝသုန်မှာ လင်းခက်သွင် ဆေးရုံမဆင်းခင် ဤအိမ်မှ တောင်ကြီးရှိ မိဘများနေအိမ်သို့ပြောင်းရန် ပြင်ဆင်နေလေသည်။ ဘကြီးဖေလေးမြိုင် တားသော်လည်း စိတ်ကို ပိုင်းဖြတ်ပြီးပြီမို့ နှစ်ရက်အတွင်း ထွက်သွားရန်ဖြစ်သည်။ အရီးသုန်မှာ ဖခင်ဖြစ်သူ၏ အမဖြစ်သည့်အပြင် ၊ ရှေးဝသုန် မွေးကတည်းက စောင့်ရှောက်လာသူမို့ ရှေးဝသုန်သွားရာနောက်သို့လိုက်ပါမည်ဖြစ်သည်။ တစ်ချိန်က ဘကြီးဖေလေးမြိုင်မှာ ရှေးဝသုန်၏ မိဘများကိုယ်စား စောင့်ရှောက်ပေးမည်ဖြစ်သောကြောင့် ရန်ကုန်သို့ အရီးသုန်ပါလိုက်ပါလာခြင်းဖြစ်၏။