55
919 115 3
Zawgyi #
ပျိုတိုင်းကြိုက်သည့်နှင်းဆီခိုင် ဖြစ်သော ဘုန်းရှိန်ဝါကို အဓိကပံ့ပိုးနေသည့်အကြောင်းတစ်ချက်မှာ နာမည်ကြီး Shine Group of Company ၏ဆက်ခံသူ တစ်ဦးတည်းသောသားဖြစ်ကာ ၊ ဖခင်ဦးဘုန်းမြတ်မှာ ကျောင်းအမှုဆောင်ကော်မတီ ဥက္ကဌဖြစ်သောကြောင့် ကျောင်းဝင်ခွင့်ကို အထူးတစ်လည်ရကာ ဒီပလိုမာကျောင်းတွင် ဆရာ ၊ ဆရာမများ၏ အလေးပေးမှုသာမက ၊ ကျောင်းသားများအကြား ရေပန်းစားသော ကျောင်းသားတစ်ယောက်လည်းဖြစ်ခဲ့၏။
အမြဲလိုပင် ဘုန်းရှိန်ဝါမှာ ဖခင်ဦးဘုန်းမြတ်၏ လောင်းရိပ်အောက်မှ ခွဲထွက်ချင်သော်လည်းမရ ၊ ဦးဘုန်းမြတ်၏ သားတစ်ယောက်ဆိုသည်ထက် ဘုန်းရှိန်ဝါဆိုသော ကျောင်းသားသည် ကိုယ့်ဒူးကိုယ်ချွန်ကာ ထက်မြက်သူတစ်ယောက်အမြဲဖြစ်ချင်ခဲ့သည်။ ထိုကဲ့သို့မိမိကို မြောက်ပင့်ဆက်ဆံနေတတ်သော လူအများကြား ရိုးရိုးသားသားနှင့် ဆက်ဆံသူတစ်ဦးကို ဘုန်းရှိန်ဝါတွေ့ခဲ့ရသည်။
ပါးဖောင်းဖောင်း ၀လုံးလုံးကောင်လေး၏ မျက်နှာတွင် မျက်မှန်ကြီးကြီးတပ်ထားကာ ညိုဖျော့ဖျော့မျက်ဝန်းလှလှတစ်စုံကို ကွယ်ဝှက်ထားသော ကောင်လေး။ နာမည်ရင်းကိုမသိခဲ့ရပေမဲ့ ထိုကောင်လေးကို မြင်ကတည်းက ဘုန်းရှိန်ဝါ စိတ်ထဲတွင်နှစ်လိုမိသည်။ သို့သော်မိမိ သူငယ်ချင်း ၊ သူငယ်ချင်းမလေးများအတွက် ထိုကောင်လေးသည် လှောင်ပြောင်စရာ ကောင်လေးတစ်ယောက် ၊ ထို့ပြင် အတန်းတူကျောင်းသားများကြားတွင် အနိုင်ကျင့်ခံ ၊ အပယ်ခံလေးမို့ ဘုန်းရှိန်ဝါ အကူအညီပေးဖူးသည် ၊ စာနှင့်ပတ်သက်ပြီးရှင်းပြဖူးသည်။ ဒီပလိုမာကျောင်းတွင် နောက်ဆုံးတင်ပြရမည့် presentation အတွက် လုပ်ခဲ့စဉ်က မိမိကို တိတ်တခိုးလေးငေးကြည့်နေတတ်သော ၊ မိမိမှ ဂျူနီယာကျောင်းသားငယ်များကို စာရှင်းပြပါလျှင် မှတ်စုစာအုပ်လေးဖြင့် ရောက်လာတတ်သော ၊ အနားတွင် အရိပ်ကလေးလို ရှိနေတတ်သော ပါးဖောင်းဖောင်းနှင့် ၀၀လုံးလုံးကောင်လေး ၊ မိမိကကြည့်လိုက်ပါလျှင် လှစ်ကနဲ ထွက်ပြေးသွားတတ်သော ကောင်လေးကို ကျောင်းပြီးမည့်နောက်ဆုံးနေ့က မတွေ့ခဲ့ရသော်လည်း ဘုန်းရှိန်ဝါ အမှတ်တမဲ့ပင်ဖြစ်ခဲ့၏။