40
1.1K 139 4
Zawgyi #
ဘုန်းရှိန်ဝါမှာ မနက်အစောကတည်းက အဖိုးအဖွား ၊ ဦးလေး အဒေါ်များအိမ်ရှိရာသို့ ကြိုတင်ကာ သွားကန်တော့လိုက်သည်။ ညနေခင်း ထမင်းစားပြီးသည်နှင့် ဖခင်ဖြစ်သူနှင့် မိခင်ဖြစ်သူကို အတင်းလက်ဆွဲကာ ကန်တော့ပြီးနောက် ဘုရားသို့သွားရန် ပြင်ဆင်နေမိသည်။ ရေမိုးချိုးပြီးနောက် ရှေးဝသုန်နှင့် ဆင်တူ ရှပ်အင်္ကျီအဖြူကို ယောပုဆိုးနက်ပြာကွက်နှင့်ဝတ်ဆင်လိုက်သည်။ ဆံပင်ကို ဘေးသို့ခွဲကာ ဂျယ်ဖြင့် ပုံသွင်းပြီးနောက် ချန်နယ်လ် ရေမွေးကို စွတ်ကာ လက်ပတ်နာရီကိုပတ်လိုက်သည်။ မွှေးကြိုင် ကျော့ကော့နေအောင် ပြင်ဆင်ထားသည့် ဘုန်းရှိန်ဝါကိုကြည့်ပြီး ဒေါ်ပပသွယ်မှာ မျက်မှောင်တွန့်ချိုးကာ
" ငါ့သား ပြင်လှချည်လား ဟမ် ဘယ်သွားမလို့တုန်း ပုဆိုးတွေ ဘာတွေနဲ့ ဘုရားတက်မလို့လား "
ရှေးဝသုန်နှင့် ချိန်းထားသည်မို့ အိမ်မှ နာရီဝက်လောက်စောထွက်ရန် ဘုန်းရှိန်ဝါ ပြင်ဆင်ပြီး အောက်ထပ်ဆင်းလာချိန် မိခင်ဖြစ်သူ၏ အမေးကို ပြုံးဖြီးဖြီးပြီးလုပ်ပြီး
" ဟုတ်တယ် မေမေ သား ဘုရားသွားမလို့ "
အမြဲလိုဆူဆူပူပူလုပ်တတ်ပြီး ကဂျီကဂျောင်နိုင်သော သားတော်မောင်၏ ရွှင်မြူးသည့်အသံကို မကြားစဖူး ကြားလိုက်ရသည့် ဦးဘုန်းမြတ်လည်း ဘုန်းရှိန်ဝါကိုကြည့်လိုက်ပြီး
" ဟ..ဒါဆိုအတော်ဘဲ သွယ်ရေ ..တို့တွေ သားနဲ့အတူ ဘုရားလိုက်သွားရအောင် လပြည့်နေ့ဆိုတော့ ဆီမီးလေး ဘာလေးပူဇော်ရတာပေါ့ "
" ကောင်းတာပေါ့ ကိုရယ် ...သား မေမေတို့လည်း လိုက်မယ်လေ.... "
မိဘနှစ်ပါး၏ စကားကြောင့် ဘုန်းရှိန်ဝါမှာ ခေါင်းမွှေးထောင်မတတ် လန့်သွားပြီး
" ဟို..ဟိုလေ...ဒါက..ဒီလိုရှိတယ်ဖေဖေနဲ့ မေမေရဲ့ သားက... ဘုရားသွားမှာတော့ ဟုတ်တယ် ...ဒါပေမဲ့
လပြည့်နေ့ဖြစ်သော်လည်း ဘုန်းရှိန်ဝါမှာ မတတ်သာတော့ဘဲ "
" သားက ဘုရားမှာ လုပ်အားဒါနသွားပြုမလို့ သူငယ်ချင်းတွေက အလှူလုပ်မှာလေ.. အဲတာ အဲ့မှာကူရမှာ မေမေနဲ့ဖေဖေပါလာရင် သားက ဘုရားကို နေရာအနှံ့လိုက်ပို့နိုင်မှာ မဟုတ်ဖူး "