Extra 2
1K 79 2
Zawgyi #
တောင်ပေါ်ဒေသ၏ ဆောင်းဥတုမှာ အရိုးစိမ့်အောင်အေးနေသည်။ နှင်းမကျသော်လည်း မြူခိုးဆိုင်းနေသော ပတ်ဝန်းကျင် ရှုခင်းမှာ လွမ်းမောဖွယ်ကောင်းလှသည်။ လူကြီးများကိုခွင့်ပန်ပြီးမှ လက်ထပ်ခွင့်တောင်းခဲ့သော်လည်း မင်္ဂလာပွဲကို အကျယ်တ၀င့်မလုပ်ဖြစ်သလို ၊ လက်ထပ်စာချုပ် ရေးထိုးခြင်းမရှိ။
စာရွက်ပေါ်တွင် နှစ်ဦးသဘောတူလက်မှတ်ရေးထိုးပြီးသော်လည်း ကွာရှင်းပြတ်စဲကြသူ အများကြီးမို့ ရှေးဝသုန် မလုပ်ချင်။ အရေးကြီးသည်မှာ အချင်းချင်းနားလည်ခွင့်လွှတ်မှု ၊ တစ်ယောက်ကို တစ်ယောက် ဖေးမကူညီရင်း နေ့ရက်များကို အတူဆက်လျှောက်ကြမည်ဖြစ်သောကြောင့် ရှေးဝသုန်၏ မိဘများနှစ်ပတ်လည်နေ့တွင်သာ အလှူဒါနပြုလုပ်ပြီး ဆွေမျိုး ၊ မိတ်ဆွေအချို့ကိုသာ အသိပေးမည်ဖြစ်သည်။
ကောင်းမြတ်မှူး နှင့် မြသက်ခြယ်မှာ သူငယ်ချင်းအရင်းခေါက်ခေါက်များဖြစ်သည်မို့ တစ်ပတ်ခန့်စောရောက်နေကြသည်။ နှစ်ဦးစလုံးမှာလည်း ဘုန်းရှိန်ဝါနှင့် ရှေးဝသုန်အကျိုးဆောင်ရင်း ကိုယ့်အကျိုးပါ အောင်ကာ စေ့စပ်ကြောင်းလမ်းခြင်းပြီးစီး၍ လာမည့်နှစ်ထဲတွင် လက်ထပ်ကြတော့မည်လည်းဖြစ်၏။
ရှေးဝသုန်၏ တိုက်အိမ်လေးမှာ အိပ်ခန်းများ ပြန်လည်ပြင်ဆင်သည်မှာ လက်စမသတ်သေးသဖြင့် ဘုန်းရှိန်ဝါ ၊ ကောင်းမြတ်မှူး ၊ မြသက်ခြယ်တို့မှာ ဟိုတယ်တွင် တည်းခိုနေရသည်။ ဘကြီးဖေလေးမြိုင် နှင့် ဘုန်းရှိန်ဝါ၏ မိခင်မှာ နှစ်ရက်အလိုမှ တောင်ကြီးသို့ရောက်မည်ဖြစ်သည်။
အလှူမတိုင်ခင် အချိန်ရသေးသဖြင့် ကောင်းမြတ်မှူး ၊ မြသက်ခြယ်တို့ကို ကလော ၊ အောင်ပန်း ၊ အင်းလေးဘက်သို့ ခရီးလိုက်ပို့ဖြစ်သည်။ မြသက်ခြယ်မှာ တစ်နှစ်ခန့်မတွေ့ရသော ရှေးဝသုန်ကို အနားကမခွာဘဲ တိုးတိုးကြိတ်ကြိတ် ဘာတွေပြောခဲ့မှန်းမသိ ၊ ခရီးမှ ပြန်ရောက်ပြီးကတည်းက ရှေးဝသုန်မှာ အလှူကိစ္စလုပ်စရာများသည်ဟုဆိုကာ ဘုန်းရှိန်ဝါကို ရှောင်ဖယ်ရှောင်ဖယ်လုပ်နေသည်မှာ နှစ်ရက်ခန့်ရှိပြီဖြစ်၏။