33
1K 158 9
Zawgyi #
ပိတ်ရက်ဖြစ်သော်လည်း ခေတ်မဒီ မနက်စာပင်မစားဘဲ အိမ်မှထွက်လာလိုက်သည်။ မနက်စာကို ဈေးထဲရှိ ရှမ်းခေါက်ဆွဲဆိုင်တွင် စားပွဲ လိုအပ်သည့်ဈေးဝယ်စရာများကို ၀ယ်ပြီး အဆင့်မြင့်အိမ်ယာတစ်ခုဆီသို့ ဦးတည်မောင်းလိုက်သည်။ ကားပါကင်တွင် ကားကိုပါကင်ထိုးရပ်နားလိုက်ပြီး ကားနောက်ခန်းထဲရှိ ဟင်းချက်စရာများနှင့် အစားအသောက် ၊ အသုံးအဆောင်ပစ္စည်းများကို ယူကာ ဓာတ်လှေကားဖြင့် ၁၁ လွှာသို့တက်လာခဲ့သည်။ အဆင့်မြင့် ကွန်ဒိုအိမ်ယာဖြစ်ပြီး ဤနေရာသို့ တစ်ပတ်ခြားတစ်ခါ ခေတ်မဒီလာတတ်သည်ကို မည်သူမျှမသိပေ။
လျှို့ဝှက်နံပါတ် ရိုက်ထည့်ပြီးနောက် ကလစ်ကနဲ မြည်သံနှင့်အတူ ကွန်ဒိုတံခါးဖွင့်လိုက်သည်နှင့် အောက်သိုးသိုးအနံ့က ထွက်လာသည်။ ခေတ်မဒီ အခန်းထဲသို့ဝင်လိုက်ပြီးနောက် အသံမမြည်အောင် တံခါးကို ပိတ်လိုက်သည်။ အခန်းလုံးအပြည့် အဖြူရောင်သုတ်ထားသော်လည်း မီးခိုးရောင်သက္ကလပ်အထူသားဖြင့်ချုပ်ထားသော လိုက်ကာကြောင့် နေရောင်ခြည်မှာ တိုက်ခန်းထဲသို့ မ၀င်ရောက်နိုင်။ ဘီယာဘူးခွံများ ၊ စားပြီးသား မုန့်အခွံများဖြင့် ပြည့်နေသော ဧည့်ခန်းကိုကြည့်ပြီး ခေတ်မဒီမှာ နှာခေါင်းတစ်ချက်ရှုံ့လိုက်မိ၏။
// ဟင်း.............. ကိုကိုကြီးတို့ကတော့ ထုံးစံအတိုင်းပါဘဲ //
အရင်ဦးဆုံး လက်ထဲတွင် ကိုင်လာသော အထုပ်များကို မီးဖိုချောင်သို့လျှောက်သွားကာ စားပွဲပေါ်တင်လိုက်ပြီး အမှိုက်အိတ်တစ်အိတ်ကို ယူလိုက်ကာ အိမ်ရှေ့ပြန်ထွက်လာလိုက်သည်။ တစ်ဆက်တည်းပင် သွက်လက်စွာ ဧည့်ခန်းရှိအမှိုက်များ ၊ ဘူးခွံများကို ကောက်ထည့်လိုက်ပြီးနောက် လိုက်ကာများကို ဆွဲဖယ်ပြီး ပြတင်းတံခါးပေါက်ကို ဖွင့်ကာ အခန်းထဲသို့ နေရာင်ဖြင့် လင်းအောင်ပြုလုပ်လိုက်သည်။ တံမြက်စည်းလှည်း သန့်ရှင်းရေးလုပ်ပြီး စားပွဲနှင့် ခုံများကို သပ်သပ်ရပ်ရပ်ပြုပြင်လိုက်၏။ ဧည့်ခန်းအနေအထားကို ကြည့်လိုက်ပြီးချိန်
" ကဲ တစ်နေရာတော့ပြီးပြီ ဟင်းချက်ရဦးမယ် "
လက်နှစ်ဖက်ကို ဖုန်ခါသလိုရိုက်ကာ နောက်ဖေး မီးဖိုချောင်သို့ ၀င်လိုက်သည်။