39
979 140 2
Zawgyi #
ရှေးဝသုန်မှာ အိပ်ခန်းထဲရောက်သည်အထိ ကြောင်တက်တက်နှင့် ဖြစ်နေသေး၏။ အစောပိုင်းက ဘုန်းရှိန်ဝါသည် မိမိကိုချစ်ရေးဆိုခဲ့သည်။ နားထင်နားက အကြင်နာဝေခဲ့သော နေရာကို လက်ဖြင့် ယောင်ယမ်းကာ ပြန်စမ်းမိသော အနွေးဓာတ်က ငွေ့ငွေ့ကျန်နေသေး၏ ။ ရင်ခွင်ထဲတွင် ပိုက်ပြီးယူလာသည့် အထုပ်ကို ဖြည်ကြည့်သော် စက္ကူဘူးထဲတွင် ခေါက်ရိုးကျကျ ပုံကျကျရှိနေသည့် ဖြူလွလွ ရှပ်လက်ရှည်တစ်မှာ နေရာယူထားသည်။ လက်ချောင်းသွယ်သွယ်များဖြင့် အသာပွတ်သပ်ကြည့်သော် ချစ်သူက အမြတ်တနိုးကြည့်ကာ ရွေးဝယ်ပေးထားသည်ဆိုသောအသိကြောင့် ရှေးဝသုန်ရင်ထဲနွေးသွား၏။
မဆွတ်ခင်က ညွတ်ချင်နေသည့်စိတ်များသည် လွန်ခဲ့သည့် သုံးနှစ်ကျော်ကလိုပင် ရှေးဝသုန် ရင်ထဲ လတ်လတ်ဆတ်ဆတ်ပင်ရှိနေသေး၏။ စတွေ့ကတည်းက အားကျခဲ့ရသော ဘုန်းရှိန်ဝါကို ကျောင်းတက်နေစဉ် တစ်လျှောက်လုံး ခိုးကြည့်ခဲ့ရသည် ။ စံပြကျောင်းသားဖြစ်သည့် ဘုန်းရှိန်ဝါသည် ရှေးဝသုန်၏ စိတ်သန္တာန်တွင် လေးစားရာမှ ချစ်ခင်သည့်ဘက်သို့ အရောင်ပြောင်းခဲ့သည်။ စစချင်း မိမိကိုယ်ကိုပင် လက်မခံနိုင်ဖြစ်သော်လည်း ကြင်နာရိပ်သန်းသော ညိုရီရီမျက်ဝန်းများနှင့် ဆုံလေတိုင်း တဖြည်းဖြည်းချင်း ကြီးထွားလာသော အချစ်တွင် ရှေးဝသုန်ကျရှုံးခဲ့ရသည် ။ အသွင်တူသည့် လိင်အပေါ် ချစ်မိသည့်စိတ်ကြောင့် ဘုန်းရှိန်ဝါအပေါ်တွင် ရှေးဝသုန် ထိခိုက်စေလိုခြင်းမရှိသည့်အတွက် အဝေးမှသာ ငေးကြည့်ရုံဖြင့် ကျေနပ်ရ၏။
စိတ်ပြေရာပြေကြောင်းအဖြစ် ဘုန်းရှိန်ဝါကြိုက်တတ်သည့် ကော်ဖီဘူးများ ၊ handmade ပစ္စည်းများ ပို့ပေးခြင်းဖြင့်သာ ဖြေဖြောက်ခဲ့သည်။ သို့ပေမည့် ဘုန်းရှိန်ဝါမှာ ရှေးဝသုန်နှင့် semester တူ အခန်းကွဲ ကျောင်းတွင် အလှနတ်သမီးဟု တင်စားသည့် သွန်းရတီကို အထင်မှားကာ စိတ်ဝင်စားနေသဖြင့် မဖြစ်နိုင်သည့် မိမိရင်ထဲမှ အချစ်စိတ်ကို မြိုသိပ်ကာ ကျောင်းနောက်ဆုံးရက်များကို ဖြတ်သန်းခဲ့ရ၏။ ကံကြမ္မာသည် အားနည်းတတ်သူကို မြေနိမ့်ရာလှံစိုက်တတ်သည်လားမသိ ထိုနေ့က ဘုန်းရှိန်ဝါကို တစ်ဖက်သတ်ကြိုက်နေသည့် အတန်းတူမိန်းကလေးသည် မိမိကို စာသင်ခန်းအတွင်း လှောင်ပြောင်ရယ်မောခဲ့သည်။ စာသင်ခန်းထဲရောက်ရောက်ခြင်း အတန်းသားများရှေ့ အပြောခံလိုက်ရခြင်းမှာ ရေခဲရေဖြင့် ခေါင်းမှ လောင်းချလိုက်သလိုပင် အခန်းထဲမှ ပြေးထွက်လာပြီး ဘာတွေဖြစ်ကျန်ခဲ့မှန်း ရှေးဝသုန် မသိတော့ပေ။