14
1.4K 190 35
Zawgyi #
စနေ တနင်္ဂနွေပိတ်ရက် နှစ်ရက်ဆိုသည်မှာ ဘာမှန်းမသိလိုက်ပါဘဲ ကုန်သွားခဲ့လေပြီ ။ ယနေ့လင်းခက်သွင်မှာ ကုမ္ပဏီသို့ဖိတ်ကြားထားသော နိုင်ငံခြားသားများကို လေဆိပ်ကြိုရန်ကိစ္စ ရှိနေသောကြောင့် ရှေးဝသုန်ကို ကုမ္ပဏီသို့ လိုက်ပို့နိုင်ခြင်းမရှိပေ။
ထို့ကြောင့် ရှေးဝသုန်မှာ ထုံးစံအတိုင်းလိုပင် ကျောပိုးအိတ်တစ်ဖက် ၊ ခြင်းတောင်းတစ်ဖက်ဖြင့် တက္ကစီစီးကာ ကုမ္ပဏီသို့ ထွက်လာခဲ့သည်။
ကုမ္ပဏီရှေ့သို့ ရောက်ရောက်ချင်းပင် ဘုန်းရှိန်ဝါ၏ ကားမှာလည်း ထိုးဆိုက်လာလေသည်။
အနက်ရောင်အစင်း Shirt လက်ရှည်ကို တံတောင်ဆစ်ထိတိုင် လက်ခေါက်တင်ထားကာ ဂျင်းဆွဲသား နက်ပြာရောင်ဘောင်းဘီရှည် ၊ ရှုးဖိနပ်ထိပ်ချွန်ကို စမတ်ကျကျဝတ်ဆင်ထားသော ဘုန်းရှိန်ဝါ၏ အသွင်သည် လန်းဆန်းတက်ကြွနေသော လူငယ်တစ်ယောက်ပုံစံ ၊ ဆန့်ကျင်ဘက်အနေဖြင့် ကျောပိုးအိတ်လွယ်ကာ လက်တစ်ဖက်မှ ခြင်းကို ကိုင်ထားသော ရှေးဝသုန်မှာ အလယ်တန်းကျောင်းသားပုံစံနှင့် ဖြစ်နေသည်။
ဘုန်းရှိန်ဝါမှာ ရှေးဝသုန်ကို ခြေစခေါင်းဆုံးကြည့်ကာ
" ကိုဝသုန် အခန်းထဲမှာ ပစ္စည်းတွေထားပြီးရင် ကျွန်တော့်အခန်းကို ခဏလာခဲ့ပါဦး "
" ဟုတ်..ဟုတ်ကဲ့ဆရာ "
မိမိရှေ့မှ သေချာကြည့်ပြီး အလိုမကျသည့်ပုံနှင့် ရုံးထဲသို့ဝင်သွားသော ဘုန်းရှိန်ဝါ နောက်မှ ရှေးဝသုန် အနည်းခွာကာ ကုမ္ပဏီတွင်းသို့ လိုက်ဝင်လာသည်။
အခန်းထဲတွင် အိတ်နှင့်ခြင်းတောင်းကို ချပြီးပြီးချင်း ဘုန်းရှိန်ဝါအခန်းသို့ သွားလိုက်သည်။
ဒေါက်.. ဒေါက်...
" ၀င်ခဲ့ပါ "
ဘုန်းရှိန်ဝါမှာ စားပွဲပေါ်ရှိ စာအုပ်ပုံထဲတွင် ခေါင်းနစ်ကာ တစ်စုံတစ်ရာကို အသည်းအသန်ဖတ်နေလေသည်။
" ဆရာ..ကျွန်တော့်ကိုခေါ်တာ ဘာကိစ္စများလဲခင်ဗျ "
" ထိုင်ပါဦး "