The End
2.2K 121 4
Zawgyi #
အောင်ပန်းရှိ လိမ္မော်ခြံထဲရှိ ရှေးဝသုန်၏အိမ်ထဲတွင်ဖြစ်သည်။ တစ်နှစ်ပတ်လည်ပြည့်ကျော်ပြီးမှ ပြန်တွေ့ရချိန်တွင် စိတ်ပန်း ၊ လူပန်းသည့် ဒဏ်များနှင့် ချစ်ရသူ ဘုန်းရှိန်ဝါမှာ ချောင်ကျနေသော ပါးရိုးများ ၊ လည်ဂုတ်ထောက်နေသည့် ဆံပင်ရှည်များဖြင့် အသားအရည်မှာ အတန်ငယ် ညိုမောင်းနေသည်။ ရှေးဝသုန်နှစ်သက်ရသည့် မျက်ဝန်းညိုညိုများမှာတော့ မပြောင်းလဲသေး ။
ဘုန်းရှိန်ဝါမှာ အေးအေးညိုညို မျက်လုံးများဖြင့် တည်ငြိမ်စွာရှိနေသည်။ ရှေးဝသုန်ကို ရင်ခွင်ထဲမှ ထုတ်ကာ လွမ်းဆွတ်နေရသည့် နုနုငယ်ငယ်မျက်နှာဝိုင်းလေးကို ဘုန်းရှိန်ဝါမှာ အိမ်မက်မက်နေသည့်အလား မယုံမကြည်နိုင်ဖြင့် ပွတ်သပ်ကြည့်နေမိသည်။
" ကိုယ့်ကိုနှင်မထုတ်တော့ဘူးမလား ဟင် ....."
တုန်ရီနေသော ရှေးဝသုန်မှာ တုံ့ပြန်စကားမဆိုနိုင်သေး ၊ မျက်ရည်ရစ်ဝိုင်းနေသော မျက်လုံးများဖြင့် တိတ်ဆိတ်နေသေးသည်။ ဘုန်းရှိန်ဝါမှာ ရှေးဝသုန်ရှေ့ ဒူးတစ်ဖက်ချ ထိုင်လိုက်ကာ
" ငယ်..... ကိုယ့်သည်းငယ် ......... အမြဲဒီလိုခေါ်ချင်နေခဲ့တာ ၀သုန်က ကိုယ့်ချစ်သူ လက်တွဲဖော်ဆိုတာကို လူအားလုံးရှေ့မှာ ချပြချင်ခဲ့တာ ....... "
" ကို...မောင် ... ကျွန်တော်..ကျွန်တော်လေ .... "
" အင်း ...... "
ရှေးဝသုန်ဆီမှ ထပ်ပြောလာမည့် စကားများကို ဘုန်းရှိန်ဝါမှာ ငံ့လင့်နေကာ သေးငယ်သော လက်ဖဝါး ကိုဆုပ်ကိုင်ကာ အမြတ်တနိုးနမ်းလိုက်ပြီး
" ပြောလေ ငယ်....."
" ကြောက်တယ် ကျွန်တော် ကိုမောင့်ကို နာကျင်အောင်လုပ်မိမှာ အရမ်းကြောက်တယ် "
" ဟင်......"
" ငယ် ....ရယ် ဘာတွေပြောနေတာလဲကွာ မင်းလေးက အရမ်းကိုချစ်စရာကောင်းပြီး ရိုးအေးကြင်နာတတ်တယ် ဆိုတာ လူတိုင်းသိပါတယ် အခြားသူကို နာကျင်အောင်လုပ်မယ့်သူမျိုး မဟုတ်ပါဘူး "
" ကိုမောင်.....မသိဘူး
ကျွန်တော်လေ ဘာဘဲလုပ်လုပ် ၊ ဘာဘဲပြောပြော မဟုတ်ဘူး.... ကျွန်တော်ဘာမှ မလုပ်ဘဲနဲ့တောင် ဖွားဖွားက အမြင်ကြည်ခဲ့တာ မဟုတ်ဘူး ။ နောက်ပြီး ကျွန်တော်ဖြစ်တည်လာကတည်းက ကိုလေးခက်သွင်ရဲ့ မိဘတွေကို အဝေးပို့သလိုဖြစ်မိစေရုံမကဘူး ကိုလေးခက်သွင်ဆီက ဖေမြိုင့်ရဲ့မေတ္တာတွေကို လုယူမိသလို ဖြစ်ခဲ့ရတယ် ....နောက်ပြီး ..ကိုမောင့်မိဘ...တွေ နောက်ပြီး ကျွန်တော် ကိုမောင့်ရဲ့ မျိုးဆက်ကို မွေးပေးနိုင်သူတစ်ယောက်လည်း မဟုတ်ဘူး ....ကျွန်တော့်ကြောင့် ကိုမောင်ရဲ့မိဘတွေလည်း နာကျင်ရလိမ့်မယ် "