Thanks for all
851 52 18
Zawgyi#
မျက်ဝန်းတစ်စုံ၏ နှလုံးသားပဲ့တင်သံ ဆိုတဲ့ ပထမဦးဆုံးသော မာရေးဖြစ်တဲ့ ဇာတ်လမ်းလေးက ဒီနေရာမှာ တစ်ခန်းရပ်သွားပါပြီ ။
ပထမဆုံးရေုးုဖြစ်ခဲ့တဲ့ ဇာတ်လမ်းလေးဖြစ်တဲ့အတွက် လိုအပ်ချက်တွေ အများကြီးရှိခဲ့ပါတယ် ။ ရေးဖြစ်အောင် တိုက်တွန်းခဲ့တဲ့ သာသာ အသွေးနီကို ကျေးဇူးတင်ပါတယ် လို့ ဒီနေရာကနေပြောပါရစေ ။ ရေးနေရင်းနဲ့ ဆက်မရေးချင်တော့ဘူးဆိုရင် အားပေးနေကြ မမဇာ Lydia ကိုလည်း အထူးကျေးဇူးတင်ပါတယ် ။ တစ်ပိုဒ်ပြီး တစ်ပိုဒ် comment တွေရေးခဲ့သလို စိတ်ညစ်လို့ရင်ဖွင့်တိုင်း အားပေးစကားပြောပေးခဲ့လို့ အဆုံးသတ်ထိ လျှောက်လှမ်းနိုင်ခဲ့တာပါ ။ ဖတ်စရာတွေအများကြီးရှိတဲ့အထဲကမှ ဝါသနာရှင်ဖြစ်တဲ့ မာ့ရဲ့ မျက်ဝန်းတစ်စုံ ဇာတ်လမ်းလေးကို ဖတ်ပေးခဲ့ကြတဲ့ စာဖတ်သူလေးတွေကို အထူးကျေးဇူးတင်ပါတယ် ။
မွန်းဆိုတဲ့ လမင်းလေးကိုလည်းကျေးဇူးတင်ပါတယ်ရှင် လမင်းလေးညွှန်းတာပါလို့လည်း တချို့သော စာဖတ်သူလေးတွေ မာရဲ့ ဇာတ်လမ်းလေးကို သိသွားကြတာပါ
ညီမလေး ဒေစီကိုလည်း ကျေးဇူးတင်ပါတယ်နော် အပိုင်းတိုင်းမှာ ment လေးတွေရေးပေးလို့အားရှိရပါတယ်
စာဟန်စကားပြေ အရေးအသားနဲ့ စကားပြောဟန်ရောနေတဲ့ ဒီဇာတ်လမ်းလေးမှာ လိုအပ်ချက်တွေက တစ်ပုံတစ်ပင်နဲ့ပါ ရေးနေရင်းနဲ့ ကိုယ့်ဘာသာ အားမလို အားမရတွေ ဖြစ်ခဲ့ရတာလည်း အကြိမ်ကြိမ်ပါ ။ စာရေးတာက နဂိုတည်းက ဝါသနာပါခဲ့ပေမဲ့ အွန်လိုင်းမဂ္ဂဇင်းတွေမှာ စာတိုပေစတွေဘဲ ရေးပို့ခဲ့ပြီး wp ဆိုတဲ့ app ကို ညီမလေးတစ်ယောက်ညွှန်လို့ ၂၀၁၉ ၈လပိုင်းလောက်ကမှ သိခဲ့ရတာပါ ။ စာဖတ်သူအနေနဲ့ရှိနေပြီး ၂၀၂၀ ၃ လပိုင်း ကိုဗစ် စဖြစ်ချိန်မှာ အချိန်ရလို့ fanfic ကိုအပျော်အဖြစ် စရေးရာက စာရေးသူတစ်ယောက်အဖြစ် စတင်ခဲ့တာပါရှင် ။ ကိုယ်ပိုင်ရေးဇာတ်လမ်းကတော့ ဒီတစ်ပုဒ်က ပထမဆုံးပါ ။
Fanfic ရေးတာနဲ့ ကိုယ်ပိုင်ဇာတ်ကို ရေးရတာက တော်တော်ကွာခြားချက်ရှိခဲ့ပါတယ် ။ ဇာတ်လမ်းတူမှာ နာမည်တူမှာ အရမ်းကိုကြောက်ခဲ့ရတာပါ ၊ ဇာတ်ကောင်တွေ အသက်မ၀င်မှာ ကိုယ်ခံစားနေရတာကို စာဖတ်သူတွေ ရင်ထဲရောက်အောင် တွေးရတာ တော်တော်ခက်ခဲပါတယ် ။ ကိုယ်တိုင်က literature ကို major အဖြစ်ယူပေမဲ့ ဇာတ်လမ်းကို ဖန်တီးရာမှာ ဇာတ်ကြောင်း စာဖတ်သူတွေကို ပေးချင်တဲ့ message ၊ အသိပညာ ဗဟုသုတတွေကို တော်တော်စဉ်းစားယူရပါတယ် ။ စာရေးနည်းသင်တန်းက သင်ဆရာ ၊ မြင်ဆရာ ၊ ကြားဆရာတွေရဲ့ ပို့ချမှု အပြင် စာပေဟောပြောပွဲက စာရေးဆရာကြီးတွေရဲ့ နည်းတွေနဲ့ စု ၊ တု ၊ ပြု လုပ်ခဲ့ရပါတယ် ။ သာမန်ဇာတ်လမ်းနဲ့မတူဘဲ ၊ ယောကျာ်းချင်း ၊ မိန်းမချင်း နှစ်သက်တဲ့ ဇာတ်လမ်းဖြစ်တဲ့အတွက် ပိုသတိထားရပါတယ် ။ ပြဿနာအခက်အခဲတွေ အများကြီးကို gp တွေထဲမှာ တွေ့ရတော့ ကိုယ်ရေးထားတဲ့ မကောင်းမကန်းလေးကို ချမပြရဲတဲ့အထိကို ကြောက်စိတ်ဝင်ခဲ့ရတာပါ ။ မာရေးတဲ့ ဇာတ်ကလည်း ဇာတ်ငြိမ်ဖြစ်သလို ၊ ဇာတ်ကောင်တွေကလည်း ကာရိုက်တာတွေက ငြိမ်ပါတယ် ဒါကြောင့်လည်း စိုးရိမ်ခဲ့ရတာ အကြိမ်ကြိမ်ပါ ။ ဒါပေမဲ့ ဒီနေ့လို အဆုံးသတ်နိုင်တာ တစ်ပိုင်းတင်ပြီးတိုင်း ရခဲ့တဲ့ vote ပေးသူတစ်ယောက်ချင်းစီကြောင့် ဒီအထိရောက်လာရတာပါရှင် ။